ဒီဇင်ဘာ-၁၊ ၂၀၂၅။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က ချောင်းမနားကျေးရွာကို စစ်ကောင်စီတပ်က Gyrocopter နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၂ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၃၀ ရက် မနေ့ ညနေ ၃ နာရီခန့်က မုံရွာနဲ့ ချောင်းဦးမြို့နယ် အစပ်က ချောင်းမနားရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Gyrocopter ၂စီးနဲ့ ဗုံး ၂ကြိမ်ကြဲကာ တိုက်ခိုက်ခဲ့ကြောင်း၊ အဲဒီတိုက်ခိုက်မှုကြောင့် (၇၀)ခန့်အရွယ် ဦးခင်မောင်ဝင်းဆိုသူနဲ့ အခြားပြည်သူတစ်ဦး သေဆုံးကာ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
“ မိသားစုနေအိမ်ပေါ်ကျတာ တလုံးက။ အထိအခိုက်များတယ်လို့ သိရတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ထိခိုက်သူတွေထဲမှာ ကလေးငယ်တစ်ဦးလည်း ပါဝင်ပြီး စိုးရိမ်ရတဲ့သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်ကလည်း မုံရွာမြို့နယ်ကျေးရွာတရွာမှာ Gyrocopterနဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူသုံးဦး သေဆုံးခဲ့ပါသေးတယ်။
စစ်ကောင်စီဟာ ၎င်းတို့လုပ်မယ့်ရွေးကောက်ပွဲနီးကပ်လာချိန်မှာ လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်လာပြီး မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းတွေက တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်ပြုလုပ်နေပါတယ်။


















































