ဒီဇင်ဘာ-၁၊၂၀၂၅။မေ/ People’s Spring
မန္တလေးတိုင်း၊မိုးကုတ်မြို့အနောက်ပိုင်း၊ကသဲအုပ်စု၊ ညောင်ပင်ကြီးရပ်ကွက်ကို စစ်တပ်ကမီးရှို့ခဲ့တာ ကြောင့် စစ်ဘေး ရှောင် နေကြတဲ့ ပြည်သူတွေရဲ့ နေအိမ်၃လုံး မီး လောင်ပျက်စီးခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းအရင်းမြစ်တွေဆီကသိရပါတယ်။
ဒီဇင်ဘာလ ၁ ရက်နေ့၊ညနေ ၅နာရီဝန်းကျင်မှာ စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။မီးရှို့ဖျက်ဆီးခံရမှုမှာ နေအိမ်၃လုံး မီး လောင်ပျက်စီးခဲ့တယ်လို့ ဒေသခံသတင်းအရင်းအမြစ် တဦးက ပြောပါတယ်။
“ စစ်ဘေးရှောင်နေကြတဲ့အိမ်တွေဖြစ်တဲ့အတွက် လူတော့အထိအခိုက်မရှိပါဘူး” လို့ဒေသခံတဦးကပြောပါတယ်။

Public Service Announcement
အာဏာသိမ်းစစ်တပ် နဲ့ TNLAတပ်နဲ့ ညှိုနှိုင်းပြီး နိုဝင်ဘာလ၂၉ ရက်နေ့ ညနေပိုင်းမှာစစ်တပ်က မိုးကုတ်မြို့ထဲကို အင်အားအလုံးအရင်းနဲ့ ဝင်လာခဲ့ပါတယ်။
အဲဒီနောက် နိုဝင်ဘာ ၃၀ ညနေ ၅နာရီခန့်မှာ မြို့ပြင်အနောက်ခြမ်းကို စစ်တပ်က စစ်ကြောင်းထိုးဖို့ကြိုးစားတာမှာ မြို့ အပြင်မှာ တပ်စွဲထားတဲ့ PDF တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာစစ်ကောင်စီတပ်သား ၂၀ ခန့်သေဆုံးပြီး ပြန်ဆုတ်သွားခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။
အဲဒီနောက် စစ်တပ်က မြို့တွင်းကနေ လက်နက်ကြီးတပ်ဆင်ကာအနောက်ဘက်ကတောင်ပေါ် တွေကိုလက်နက်ကြီးနဲ့ ပစ်ခတ်တာ တွေပြုလုပ် နေပါတယ် ။ ဒါအပြင် မြို့အနောက်ဘက်ကနေအိမ်အချို့ကို အခုလိုစစ်တပ်ကမီးရှို့တာဖြစ်ပါတယ်။
မိုးကုတ်မြို့မှာ ဒီနေ့လည်းတိုက်ပွဲတွေထပ်ဖြစ်ခဲ့ပြီး စစ်တပ်က မြို့ထဲမှာ လက်နက်ကြီးတွေ နေရာချပြီး ပစ်ခတ်နေတယ်လို့ စစ်ရေးရင်းမြစ်အချို့ကပြောပါတယ် ။ဒါအပြင် စစ်တပ်က အင်အားထပ်တိုးတာနဲ့ စစ်ရေးပြင်ဆင်တာ တချို့လည်းရှိတယ်လို့ စစ်ရေး သတင်းအရင်းမြစ်တချို့က ပြောပါတယ်။


















































