Connect with us

Hi, what are you looking for?

သတင်း

ကြံ့ဖွံ့ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရလို့ဆိုပြီးရပ်ကွက်က လူငယ်တွေကို ကင်းစောင့်ခိုင်း​နေ

ကင်း​စောင့်မ​ပေးရင် စစ်မှုထမ်းခိုင်းမယ်ဆိုလို့ လူငယ်​တွေညလုံး​​ပေါက် ကင်း​စောင့်​ပေး​နေရ

ပါတီဆိုင်းဘုတ်​တွေထဲမှာကြံ့ဖွံ့ပါတီ ဆိုင်းဘုတ်​တွေအဓိက ဖျက်ဆီးခံ​နေရတယ်လို့ ​ပြည်သူအချို့က​ပြောပါတယ် ။ဓါတ်ပုံ-စစ်​ကောင်စီ

ဒီဇင်ဘာ-၂၊ ၂၀၂၅။တာရာ/People’s Spring

ပြည်ခိုင်ဖြိုးပါတီရဲ့ ဆိုင်းဘုတ်တွေဖျက်ဆီးခံရတာကြောင့် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်​ရေးမှူးတွေက လူငယ်တွေကို ကင်းစောင့်ခိုင်းထားတယ်လို့ စုံစမ်းသိရပါတယ်။

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေထဲမှာ စစ်တပ်ကျောထောက်နောက်ခံ ပြည်ခိုင်ဖြိုးပါတီရဲ့ ဆိုင်းဘုတ်တွေဟာ အများဆုံးဖျက်ဆီးခံရတာ တွေ့ရပါတယ်။ ဒါကြောင့် စစ်ကောင်စီရပ်ကျေးအုပ်ချုပ်​ရေးမှူးတွေက လူငယ်တွေကို ညဘက်ကင်းစောင့်ခိုင်းတာဖြစ်တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်

“ ဆိုင်းဘုတ်တွေ ခိုးခံရလို့၊ ဖျက်ဆီးခံရလို့ဆိုပြီး ကင်းစောင့်ခိုင်းတယ်။ ကိုယ့်ထမင်းကိုယ်စားပြီးစောင့်ရတယ်။ ပိုက်ဆံလည်းမရပါဘူး။ မစောင့်ရင် စစ်မှုထမ်းထဲ ထည့်မယ်ဆိုပြီးပြောတယ်” လို့ ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်မှုထမ်းရမှာ​ကြောက်လို့ လူငယ်တချို့ဟာ ကြံ့ဖွံပါတီဆိုင်းဘုတ်ကို ညလုံး​ပေါက်ကင်း​စောင့်​ပေး​နေရတယ်လို့ ​ဒေသခံပြည်သူအချို့က​ပြောပါတယ်။

ရန်ကုန်မြို့မှာ စစ်တပ်လက်နက်ကိုင်အဖွဲ့​တွေ ၊ပျူ​စောထီး​တွေ ရှိ​​နေတဲ့ ကြားက စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ဖွံ့ပါတီဖျက်ဆီးခံရတာ​တွေမကြာခဏဖြစ်​နေတယ်လို့ သိရပါတယ် ။

သာ​ကေတမြို့နယ်မှာ​ထောင်ထားတဲ့ စစ်တပ်​​ရွေး​ကောက်ပွဲဝင်မယ့်ပါတီ​ဆိုင်းဘုတ်​တွေထဲ ကြံဖွံ့ပါတီ တစ်ခုတည်းဖျက်ဆီးခံရတာ​တွေ့ခဲ့ရတယ်လို့ ​ဒေသခံတဦးက​ပြောပါတယ် ။

လက်ရှိမှာ အာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ပွဲ ကာကွယ်ပေးရေးဥပဒေ အကြောင်းပြချက်နဲ့ အဓမ္မဖမ်းဆီးထားသူ ပြည်သူ ၂၅၀ ခန့်ရှိတယ်လို့ စစ်တပ်ဝါဒဖြန့် တယ်လီဂရန်​တွေကဆိုပါတယ်။ အဲဒီထဲက တချို့ကို နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။ အထူးသဖြင့် ကြံ့ဖွံ့ပါတီဆိုင်းဘုတ် ဖျက်ဆီးခံရရင်ာစစ်တပ်က ပြင်းပြင်းထန်ထန်အ​ရေးယူ​နေတာဖြစ်ပါတယ်။

ဒါ့အပြင်ခရမ်းနှင့်သုံးခွမြို့နယ်​တွေ မှာလည်းစစ်တပ်ရဲ့ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ ဆိုင်းဘုတ်တွေဖျက်ခံရတာတယ်ဆိုပြီး နိုဝင်ဘာလတတိယပါတ်မှာ ညမထွက်ရ အချိန်ပြောင်းလဲသတ်မှတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

“ ရပ်ကျေးဥက္ကဌက ည ၁၀ နာရီကနေ မနက် ၅ နာရီအထိ အပြင်မထွက်ရဆိုပြီး။ အဓိကရွေးကောက်ပွဲဆိုင်းဘုတ်တွေဖျက်ဆီးခံရလို့။ ပြီးတော့ လူစုလူဝေးတွေဖြစ်မှာစိုးလို့ ဒီလိုပြောင်းလိုက်တာလို့ကြားတယ်” လို့ ခရမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

အဲဒီလို အချိန်ထပ်တိုးပြီးညမထွက်ရအမိန့်ထုတ်လိုက်တာ​ကြောင့်ဒေသခံတွေအနေနဲ့ အခက်အခဲတွေဖြစ်လာတယ်လို့ ​ပြောပါတယ်။စစ်တပ်ဟာ ရန်ကုန်တိုင်းတစ်တိုင်းလုံးကို မနက် ၁ နာရီကနေ ၃ နာရီအထိ ညမထွက်ရအမိန့်သတ်မှတ်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ