ဒီဇင်ဘာ ၃၊ ၂၀၂၅။ ဆန်အောင်/People’s Spring
ပခုက္ကူခရိုင်မှာအခြေစိုက်ဖြစ်တဲ့ အညာမြေတပ်ပေါင်းစုအနေနဲ့ စစ်ကောင်စီကို စစ်ရှိန်မြှင့်တိုက်ခိုက်မယ်လို့ အသိပေးပြီး စစ်ဆင်ရေးတွေပိုမိုထိရောက်စွာ အကောင်အထည်ဖော်မယ်လို့ အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။
၂၀၂၄ ဇွန်လ ၁၉ရက်က ပခုက္ကူခရိုင်အခြေစိုက် တော်လှန်ရေးအဖွဲ့ ၅ဖွဲ့ဖြစ်တဲ့ M.U.G.D.F,ဇာမဏီပြောက်ကြားတပ်ဖွဲJAMESBOND,TSDNGF,နဲ့ ဒိုညီနောင်ပြောက်ကြားတပ်ဖွဲ့ တို့ ပူးပေါင်းဖွဲ့ထားတဲ့ အညာမြေတပ်ပေါင်းစုမှာ GOD OF MYAINGတပ်ဖွဲ့ ၊ EAGLE FIGHTERတပ်ဖွဲ့ တို့ က အခု ဒီဇင်ဘာလဆန်းမှာ ထပ်မံပေါင်းစည်းလာခဲ့ပါတယ်။
ဒီလို အဖွဲ့ ၂ဖွဲ့ ထပ်မံ ပေါင်းစည်းလာတဲ့ အဓိက အကြောင်းအရင်းဟာ ပိုမိုထိရောက်တဲ့ မစ်ရှင်တွေဖော်ဆောင်ဖို့၊ ရန်သူကို ညီညွတ်စွာတုန့်ပြန်နိုင်ဖို့နဲ့ တော်လှန်ရေးအဖွဲ့အချင်းချင်းကြား ပိုပြီးညီညွတ်စေဖို့၊ သဘောထားကွဲလွဲမှုတွေ ပပျောက်စေဖို့ ဖြစ်ကြောင်း ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

Public Service Announcement
“ ပြီးတော့ ကျွန်တော်တို့ ဒီတော်လှန်ရေးမှာ ဒီလိုပေါင်းစည်းပြီး အပြန်အလှန်ထိန်းကျောင်းရင်း ဖက်ဒရယ်ကို အရောက်သွားနိုင်ဖို့ ခုလိုပေါင်းစည်းကြတာပါ” လို့လည်းအညာမြေတပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။
အခုလိုပေါင်းစပ်ရတဲ့ အဓိကအကြောင်းရင်းကတော့ ပိုမိုထိရောက်တဲ့ မစ်ရှင်တွေဖော်ဆောင်ဖိုနဲ့ ရန်သူကို ညီညွတ်စွာတုန့်ပြန်နိုင်ဖို ဖြစ်တယ်လို အညာမြေတပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။
အညာမြေတပ်ပေါင်းစုရဲ့ ဒီဇင်ဘာ ၂ရက်ထုတ်ပြန်ချက်မှာလည်း တော်လှန်ရေးမှာ ကိုယ့်ခွန်ကိုယ့်အားနဲ့ အကောင်းဆုံးဖြစ်အောင် ပြုလုပ်နေပြီး ဖက်ဒရယ်ရတဲ့အထိလည်း ခိုင်ခိုင်မာမာတိုက်ပွဲဝင်နေကြောင်း အသိပေးထားပြီး အခု ပေါင်းစည်းရေး ကြေညာချိန်က စလို့ စစ်ရေးအရှိန် အရင်ထက် ပိုမြှင့်တင်မယ်လို ဖော်ပြပါတယ်။
အခု ကြေညာချက်ဟာ ရဲဘော်များ၊တပ်ဖွဲဝင်များရဲ့ စောင့်သိရသော သစ္စာအဓိဌာန်များပါဝင်ကြောင်း ပေါင်းစည်းမှု ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မဟာမိတ်များအချင်းချင်းကြား စောင့်သိရသော၊လိုက်နာရသော၊ မျှဝေရသော ချစ်ကြည်မှုများ ပါဝင်သလို တပ်ဖွဲဝင်များအားလုံးဟာ ဖက်ဒရယ်အတွက် ဦးလည်မသုန်တာဝန်ထမ်းရွက်ရမယ်လို ထုတ်ပြန်ခဲ့ပြီး ဖက်ဒရယ်အတွက်တိုက်ပွဲဝင်နေသော မည်သည့်အဖွဲအစည်းနဲ့မဆို ခိုင်မာသော ဆက်ဆံရေးကိုတည်ဆောက်ပြီး အာဏာရှင်အား တွန်းလှန်ကြရမယ်လို ဖော်ပြထားပါတယ်။
” ကျွန်တော်တို့ ဒီတော်လှန်ရေးမှာ ဒီလိုပေါင်းစည်းပြီး အပြန်အလှန်ထိန်းကျောင်းရင်း ဖက်ဒရယ်ကို အရောက်သွားနိုင်ဖို့ ခုလိုပေါင်းစည်းကြတာပါ” လို့ အညာမြေတပ်ပေါင်းစုရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဘိုဘိုသန့်ဇင်က လူထုနွေဦးကို ပြောပါတယ်။
















































