Connect with us

Hi, what are you looking for?

သတင်း

မြန်မာမှာဘိန်းစိုက်ပျိုးမှု၁၀နှစ်အတွင်းအမြင့်ဆုံးဖြစ်​လာပြီး ကမ္ဘာ့အများဆုံးအဖြစ်ဆက်လက်ရပ်တည်

မြန်မာနိုင်ငံအနှံ့ဘိန်းခင်းတွေရဲ့ အကျယ်အဝန်းဟာ ဆယ်စုနှစ် တစ်ခုအတွင်း အမြင့်ဆုံး ပမာဏကို ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။

ဓါတ်ပုံ-The Guardian

ဒီဇင်ဘာ-၃၊၂၀၂၅။People’s Spring

မြန်မာနိုင်ငံအနှံ့ဘိန်းခင်းတွေရဲ့ အကျယ်အဝန်းဟာ ဆယ်စုနှစ် တစ်ခုအတွင်း အမြင့်ဆုံး ပမာဏကို ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။

ကုလသမဂ္ဂရဲ့ မူးယစ်ဆေးနဲ့ ရာဇဝတ်မှုရေးရာရုံး (UNODC)ရဲ့ အစီရင်ခံစာအရမြန်မာနိုင်ငံမှာ ဘိန်း
စိုက်ပျိုးမှုဟာ ၂၀၂၄ နဲ့ယှဉ်ရင် အခုနှစ်မှာ ၁၇ ရာခိုင်နှုန်း တိုးလာတယ်လို့ သိရပါတယ်။ မနှစ်က မြန်မာနိုင်ငံမှာ ဘိန်းစိုက်ဧက ဟက်တာ ၄၅၂၀၀ ရှိခဲ့ရာကနေ ဒီနှစ်မှာတော့ ၅၃၁၀၀ ထိ တိုးလာခဲ့တာပါ။

ဘိန်းစိုက်ဧရိယာတိုးလာခြင်းနဲ့အတူ မြန်မာဟာ ကမ္ဘာပေါ်မှာ တရားမဝင် ဘိန်းထုတ်လုပ်မှုနှုန်း အမြင့်ဆုံး နိုင်ငံဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း ဆက်ထိန်းထားခဲ့ပါတယ်။ အရင်က ကမ္ဘာပေါ်မှာ ဘိန်းစိုက်
ပျိုးထုတ်လုပ်မှုအမြင့်ဆုံးဖြစ်ခဲ့ဖူးတဲ့ အာဖဂန်
နစ္စတန်ကတော့ တာလီဘန်အစိုးရရဲ့ဖြိုခွင်းမှုတွေနဲ့အတူဘိန်းစိုက်နှုန်းပြန်လည်ကျဆင်းသွားပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာရဲ့ အနေအထားက တကယ့်ကို အရေးကြီးတဲ့ အလှည့်အပြောင်း ကာလထဲ ရောက်နေတယ်လို့ UNODCရဲ့ အရှေ့တောင်အာရှနဲ့ပစိဖိတ်ရေး
ရာ ကိုယ်စားလှယ် ဒယ်လ်ဖိုင် ရှန့်ဇ်က ပြောကြားခဲ့ပါတယ်။သူက ဒီနှစ်အတွင်း မြန်မာနိုင်ငံရဲ့ အဓိက ဘိန်းထွက်ရှိရာ ဇုန်တွေအားလုံးမှာ စိုက်ပျိုးမြေတွေ တိုးလာတယ်လို့ ပြောပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်းကတော့အသိသာဆုံးအ
ဖြစ် ဘိန်းစိုက်ဧရိယာ ၃၂ ရာခိုင်နှုန်း ခုန်တက်လာခဲ့ပြီး ချင်းပြည်နယ်မှာ ၂၆ ရာခိုင်နှုန်း၊ ကချင်ပြည်
နယ်မှာ ၃ ရာခိုင်နှုန်း တက်ရိပ်ပြခဲ့ပါတယ်။ရှမ်း
ပြည်နယ် တောင်ပိုင်းကတော့ မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်နှုန်း အမြင့်ဆုံး ဇုန်အဖြစ် ဆက်ရှိနေပြီး စုစု
ပေါင်း ဘိန်းစိုက်ဧရိယာ အားလုံးရဲ့ ၄၄ ရာခိုင်နှုန်း တည်ရှိပါတယ်။ ပြီးတော့ မနှစ်ကထက်လည်း ဘိန်းစိုက်ပျိုးတဲ့မြေက ၁၃ ရာခိုင်နှုန်း တိုးလာပါတယ်။

UNODCရဲ့ အစီရင်ခံစာမှာတော့ပထမဆုံး အကြိမ်အဖြစ် စစ်ကိုင်းတိုင်းထဲမှာလည်း ဘိန်းစိုက်ပျိုးမှုတွေ ရှိလာတာကို စိစစ်တွေ့ရှိခဲ့ကြောင်းဖော်ပြပါရှိပါတယ်။ဒီနှစ်ထဲမှာ စစ်ကိုင်းတိုင်းရဲ့ ဘိန်းစိုက်ပျိုးမှု ဧရိယာ ၅၅၂ ဟက်တာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမြေတွေဆက်တိုက် လျော့ပါးလာရာကနေ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း တက်ရိပ်ပြလာပြီး စစ်တပ် အာဏာသိမ်းလိုက်တဲ့နောက် သိသိသာသာ ပိုပြီး ကျယ်ပြန့်လာခဲ့တာ ဖြစ်ပါတယ်။ အာဏာသိမ်းမှုကြောင့် လူမှုရေး၊ စီးပွားရေး အကျပ်အတည်းတွေ ဆိုးရွားနေချိန်ဘိန်းစျေးကလည်း တက်လာတဲ့အခါ တောင်သူတွေဟာ ဘိန်းစိုက်တဲ့ ပိုပြီး အာရုံကျကုန်ပါတယ်။

၂၀၁၉ ခုနှစ်တုန်းက ဘိန်းစိမ်း တစ်ကီလိုဂရမ်ကို ၁၄၅ ဒေါ်လာ ရှိခဲ့ရာက လက်ရှိပေါက်စျေးဟာ ၃၂၉ ဒေါ်လာထိ မြင့်တက်နေပါတယ်။ဒါဟာ၆ နှစ်အတွင်း ၁၂၇ ရာခိုင်နှုန်း စျေးတက်သွားတဲ့ သဘောပါ။

UNODCရဲ့ အဆိုအရကမ္ဘာ့ မူးယစ်ဆေးဝါး မှောင်ခိုစျေးကွက်မှာ အရှေ့တောင်အာရှက ထွက်ရှိတဲ့ ဘိန်းကို ဝယ်လိုအားလည်း ပိုကောင်းနေတယ်လို့ သိရပါတယ်။ အထူးသဖြင့် အာဖဂန်ရဲ့ ဟီးရိုးအင်း ထုတ်လုပ်မှု ကျဆင်းသွားချိန်မှာ မြန်မာရဲ့ ဘိန်းကို ဝယ်ယူမှုတွေ တိုးလာတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာဘိန်းစိုက်ဧရိယာကသိသိသာသာ တိုးလာပေမယ့်ဟက်တာအလိုက်အထွက်နှုန်းကတော့ တိုးမလာပါဘူး။ဒါကလည်းလယ်သမားတွေ အနေနဲ့ ငွေရလွယ်တဲ့ ဘိန်းကို စိုက်ပျိုးကြပေမယ့် စစ်ရေး ပဋိပက္ခတွေကြောင့် ဘိန်းခင်းတွေကို သေချာ ဂရုမစိုက်နိုင်တာ အပါအဝင်တခြား ရှုပ်ထွေးသိမ်မွေ့တဲ့ အကြောင်းတရားတွေကြောင့်လို့ UNODCက သုံးသပ်ထားပါတယ်။

ကိုးကား- UNODC

ဆက်စပ်သတင်းများ