Connect with us

Hi, what are you looking for?

သတင်း

သံတောင်ကြီးမြို့ကို စစ်တပ် လက်နက်ကြီးနဲ့ ပစ်လို့ ကိုယ်ဝန်ဆောင်တစ်ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၂)နယ်မြေ တောင်ငူခရိုင်ရှိ သံတောင်ကြီးမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ (၂၁)နှစ်အရွယ် ကိုယ်ဝန်ဆောင်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း KNU တောင်ငူခရိုင်က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် နေအိမ်တွေထိမှန်ပျက်စီးနေစဉ်။ ဓာတ်ပုံ - KNU

ဒီဇင်ဘာ-၃၊ ၂၀၂၅။ ဆန်အောင်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၂)နယ်မြေ တောင်ငူခရိုင်ရှိ သံတောင်ကြီးမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ (၂၁)နှစ်အရွယ် ကိုယ်ဝန်ဆောင်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း KNU တောင်ငူခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁ရက်ည ၉နာရီခွဲမှာ ဘုရင့်နောင် တပ် မြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ သံတောင်ကြီးမြို့နယ် အမှတ်(၃)ရပ်ကွက်တွင်း လက်နက်ကြီး (၅) လုံးကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

အဲဒီလို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့လို့ နေအိမ် ၂လုံးထိခိုက်ခဲ့ပြီး (၈)လရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး လည်ပင်းမှာ ထိမှန်ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဟာ သံတောင်လမ်းကို မကြာခန ပိတ်ဆို့နေလို့ ပြည်သူတွေသွားလာရ ခက်ခဲနေပြီး လက်နက်ကြီး ရန်ကိုလည်း စိုးရိမ်ကြောက်ရွံ့နေရကြောင်း KNU တောင်ငူခရိုင်က ထုတ်ပြန်ပါတယ်။

KNU တပ်မဟာ(၂)နယ်မြေ တောင်ငူခရိုင်အတွင်း စစ်ရေး အခြေအနေတွေကို မေးမြန်းဖို့ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။

စစ်ကောင်စီတပ်ဟာ KNU တပ်မဟာ(၂)နယ်မြေအပါအဝင် ခရိုင်၊တပ်မဟာအသီးသီးက ပြည်သူလူထုနေထိုင်ရာနေရာတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေမကြာခဏ ပြုလုပ်လျက်ရှိရာ ကလေးငယ်တွေအပါအဝင် ပြည်သူလူထု သေဆုံးထိခိုက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ