Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကိုင်မှာ ရထားနဲ့ အိမ်စီးကားတိုက်မိပြီး ကားပေါ်ကလူ ၃ဦး သေဆုံး

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်မှာ ရထားနဲ့ အိမ်စီးကားတိုက်မှုဖြစ်ပွားပြီး ကားပေါ်လိုက်ပါလာသူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

ရထားတိုက်မိခဲ့သည့် အိမ်စီးကား လမ်းဘေး၌ ကျနေစဥ်။ ဓာတ်ပုံ - CJ

ဒီဇင်ဘာ-၃၊ ၂၀၂၅။​ဟာနာဆန်/People’s Spring

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်မှာ ရထားနဲ့ အိမ်စီးကားတိုက်မှုဖြစ်ပွားပြီး ကားပေါ်လိုက်ပါလာသူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၃ ရက် မနက် ၇ နာရီ မိနစ် ၄၀ခန့်က စဉ့်ကိုင်မြို့၊ ပတ္တာရွာအနီး ရန်ကုန်-မန္တလေးရထားလမ်းမှာ အိမ်စီးကားနဲ့ ရထားတိုက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

“ဘုရားတည်ဖို့ ရက်သွားရွေးတာ ငါးယောက်ပါတာ သုံးယောက်ဆုံးသွားပြီ။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကားက ရထားလမ်းကိုဖြတ်ကူးချိန် တိုက်မိခဲ့တာဖြစ်ပြီး ရထားလမ်းဘေး ခြုံတွေကွယ်နေတာကြောင့် နယ်ခံမဟုတ်တဲ့ကားသမားက ရထားလာတာကို မသိလိုက်တာဖြစ်နိုင်ကြောင်း ဒေသခံတွေက သုံးသပ်ပါတယ်။

သေဆုံးသူတွေထဲမှာ သက်ကြီးပိုင်းတွေလည်း ပါဝင်ပြီး ​နွားထိုးကြီးမြို့နယ်၊ ရွာကြီးရွာသစ်ကဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒဏ်ရာရသူ ၂ ဦးကိုလည်း ဆက်လက်ဆေးကုသနေဆဲဖြစ်ကြောင်း သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ