ဒီဇင်ဘာ-၃၊ ၂၀၂၅။ People’s Spring
အာဏာသိမ်းစစ်အုပ်စုကိုယ်စားလှယ်တွေနဲ့ မည်သည့်နေရာ၊ မည်သည့်အခြေအနေမှာမှ တွေ့ဆုံခဲ့တာမရှိကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ဒီနေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာ တော်လှန်ရေးအင်အားစုတွေနဲ့ အာဏာသိမ်းစစ်ကောင်စီကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် NUCC က အခုလို ထုတ်ပြန်လာတာပါ။
NUCC ဟာ တော်လှန်ရေး တော်လှန်ရေး အောင်မြင်မှုကို ရှေးရှုပြီး ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ပါ ကတိကဝတ်တွေနဲ့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်းသာ ဆက်လက် ကိုင်စွဲ ရပ်တည်သွားမှာဖြစ်တယ်လို့ ဖော်ပြပါတယ်။

Public Service Announcement
နိုဝင်ဘာ ၂၅ ရက်ကနေ ၃၀ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ “အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေး ဆိုင်ရာ အတွေ့အကြုံများကို မျှဝေခြင်း” အလုပ်ရုံဆွေးနွေးပွဲမှာ အခြားသော တော်လှန်ရေးအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့အတူ NUCC ကိုယ်စားလှယ် (၂) ဦးတက်ရောက်ခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုကိုယ်စားလှယ်တွေနဲ့ မည်သည့်နေရာ၊ မည်သည့်အခြေအနေမှာမှ တွေ့ဆုံခဲ့ခြင်း မရှိခဲ့ကြောင်း NUCC က ထုတ်ပြန်ပါတယ်။
အဲဒီအလုပ်ရုံဆွေးနွေးပွဲမှာ အင်ဒိုနီးရှား Special Envoy on Myanmar ရုံးအဖွဲ့က မျှဝေတဲ့ “အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အတွေ့အကြုံများ” ကို လေ့လာခဲ့ကြပြီး ပါဝင်တက်ရောက်သူများအကြား လေ့လာတွေ့ရှိမှုတွေအပေါ် အမြင်များ ဖလှယ်ဆွေးနွေးခဲ့ကြခြင်းကိုသာ ဆောင်ရွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။


















































