ဒီဇင်ဘာ-၅၊၂၀၂၅၊ဇော်ဝင်း/People’s Spring
စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲဟာ တရားမျှတမှာ မဟုတ်ဘဲ အတုအယောင်သာဖြစ်လိမ့်မယ်လို့ ကရင်နီပြည်နယ်ဒီမိုကရက်တစ်ပါတီ(KSDP)ပါတီက ကြေညာပါတယ်။
အာဏာတည်မြဲရေး၊ နိုင်ငံကို လိုရာချယ်လှယ်ခွင့်ရရေးနဲ့ နိုင်ငံတကာအသိအမှတ်ပြုမှုရရေးကို ရည်ရွယ်ချက်ရှိရှိဆောင်ရွက်နေတာလို့ KSDPပါတီက ဒီဇင်ဘာ၄ရက်မှာ ကြေညာချက်မှာ ဖော်ပြပါတယ်။
ဒါဟာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခကို လက်တွေ့ကျတဲ့ ဖြေရှင်းနည်းမဟုတ်ဘဲ ပိုမိုကြာရှည်မယ့် စစ်ရေးပဋိပက္ခကို ဦးတည်စေလိမ့်မယ်လို့ KSDPက ဆိုပါတယ်။

Public Service Announcement
စစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံဝန်းအကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်တာ၊ လေယာဥ်နဲ့ လက်နက်ကြီးနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေအပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်တိုက်လုပ် နေတယ်လို့ ဖော်ပြပါတယ်။
ဒါကြောင့် စစ်တပ်က နိုင်ငံတဝန်း ကျူးလွန်နေတဲ့ ပြစ်မှုအတွက် ကင်းလွတ်မှုရဖို့နဲ့နိုင်ငံရေးထွက် ပေါက်အဖြစ် အတုအယောင်ရွေးကောက်ပွဲလုပ်ဖို့ စီစဥ်တာလို့ ဆိုပါတယ်။
“ အာဏာသိမ်းစစ်ကောင်စီကလုပ်မယ့် ရွေး ကောက်ပွဲကို ကျွန်တော်တို့ ဝင်ပြိုင်မှာမဟုတ်သလို စဥ်စားထားတာလည်းလုံးဝ မရှိဘူး။ဒီလောက်ယုတ်မာရက်စက်တဲ့ အာဏာရှင်ကို အားပေးထောက်ခံတာ ၊ဝင်ရောက်ယှဥ်ပြိုင်တာ ကျွန်တော်တို့ ဘယ်လိုမှ လုပ်မှာမဟုတ်ဘူး” လို့ KSDP ပါတီဥက္ကဌ ခူးသဲရယ်က ကြေညာချက်နဲ့ပတ်သက်လို့ ရှင်းပြပါတယ်။
ဒါ့အပြင် ပါတီရဲ့အမှတ်တံဆိပ်ကို ဆင်တူရိုးမှား ပုံစံပြောင်းထားတဲ့ ကယားပြည်နယ်ပြည်သူ့ပါတီ (KSPP)နဲ့ KSDPက သက်ဆိုင်မှုမရှိဘူးလို့ သူက ပြောပါတယ်။
စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့ KSPP ပါတီရဲ့ဦးဆောင်သူ စောဒန်နီယယ်ဟာ အရင်က KSDP ပါတီရဲ့ ဒုဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ပူးပေါင်းခဲ့တာကြောင့် KSDP ပါတီက ထုတ်ခဲ့တယ်လို့ သိရပါတယ်။
ကယားလူမျိုးစုဒီမိုကရေစီပါတီနဲ့ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်)တို့ ပူးပေါင်းပြီး KSDP ပါတီကို ၂၀၁၇ မှာ တည်ထောင်ခဲ့ပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော်သုံးနေရာ၊ ပြည်သူ့လွှတ်တော် နှစ်နေရာနဲ့ ပြည်နယ်လွှတ်တော်သုံးနေရာမှာ KSDP ပါတီက အနိုင်ရခဲ့ပါတယ်။
သတ်မှတ်ကာလအတွင်းပါတီမှတ်ပုံမတင်လို့ KSDP ပါတီကို စစ်တပ်ရဲ့ ရွေးကောက်ပွဲကော်မရှင်က ၂၀၂၃မှာ နိုင်ငံရေးပါတီက ပယ်ဖျက်ခဲ့ပါတယ်။

















































