Connect with us

Hi, what are you looking for?

သတင်း

လသာမြို့နယ်က ရွှေဇင်ရွှေဆိုင် ဓါးပြတိုက်ခံရ

ရန်ကုန်မြို့၊ လသာမြို့နယ်မှာရှိတဲ့ ရွှေဇင်ရွှေဆိုင် ဓားမြတိုက်ခံရတယ်လို့ သတင်းရရှိပါတယ်။

ဒီဇင်ဘာ-၅၊၂၀၂၅/တာရာ၊People’s Spring

ရန်ကုန်မြို့၊ လသာမြို့နယ်မှာရှိတဲ့ ရွှေဇင်ရွှေဆိုင် ဓားမြတိုက်ခံရတယ်လို့ သတင်းရရှိပါတယ်။

ဒီကနေ့ (ဒီဇင်ဘာ ၅ရက်) နံနက် ၉ နာရီကျော် အချိန်က လသာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မဟာဗန္ဓုလလမ်း၊ အမှတ် (၆၈၉)၊ မြေညီထပ်က ရွှေဇင်ရွှေဆိုင်ဟာ ရှေ့လမ်းမပေါ်၌ ကားပေါ်မှပစ္စည်းများချနေစဉ်အမည်မသိ အမျိုးသားနှစ်ဦးက သေနတ်ပြခြိမ်းခြောက်ပြီး ရွှေထည်ပစ္စည်းတွေ လုယူသွားခဲ့တယ်လို့ သိရပါတယ်။

” ဖြစ်စဉ်ကမှန်တယ်။ အခု သက်ဆိုင်ရာမြို့နယ်တွေကို ပိတ်ဆို့ပြီး ရှာဖွေနေတယ်” လို့ အမည်မဖော်လိုသူ စစ်ကောင်စီရဲ့ နယ်မြေခံ နယ်ထိန်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဓားပြတိုက်သူတွေက ရွှေထုပ်(၁)ထုပ်နဲ့ ငွေကျပ်သိန်းတစ်‌ထောင်အား လုယူသွားခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့လယ်ခေါင်က ရွှေဆိုင်တွေ ဓားမြတိုက်ခံရတယ့်ဖြစ်စဉ် မကြာခဏဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ