Connect with us

Hi, what are you looking for?

သတင်း

ပျော်ရွှင်ဖွယ်တအာင်းနှစ်သစ်၊စည်းလုံးခြင်းဟာအင်အားလို့ ဗိုလ်ချုပ်ဂွန်မော် ရေးသား

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်ဂွန်မော်က သူရဲ့ ဖေ့စ်ဘွတ်ခ် အကောင့်မှာ ပျော်ရွှင်ဖွယ်တအာင်းနှစ်သစ်ကူး ဟု ရေးသားကာ စည်းလုံးခြင်းဟာ အင်အားဖြင့်စေကြောင်း သီချင်းကို ဖော်ပြခဲံပါတယ်။

ဒီဇင်ဘာ-၅၊ ၂၀၂၅။ ဆန်အောင်/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်ဂွန်မော်က သူရဲ့ ဖေ့စ်ဘွတ်ခ် အကောင့်မှာ ပျော်ရွှင်ဖွယ်တအာင်းနှစ်သစ်ကူး ဟု ရေးသားကာ စည်းလုံးခြင်းဟာ အင်အားဖြင့်စေကြောင်း သီချင်းကို ဖော်ပြခဲံပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၅ရက်ညပိုင်းမှာ ဗိုလ်ချုပ်ဂွန်မော်က “ Hello.. Nam Hkam Myo… Happy Ta’ang New Year….” လို့ ရေးသားပြီး တအာင်းနှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲအခမ်းအနား ဓာတ်ပုံနဲ့ ဇော်ဝင်းထွဋ် သီဆိုထားတဲ့ စည်းလုံးခြင်းအတွက် သီချင်းတပုဒ် ဆိုတဲ့ သီချင်းရဲ့ ရုပ်သံအပိုင်းအစကို ပူးတွဲဖော်ပြခဲ့ပါတယ်။

“ဟေ့ သွေးချင်းညီအကိုများ စည်းလုံးခြင်းရဲ့ အင်အား သီချင်းလေးထဲ စီးဆင်းသွားမယ်။ ညီညွတ်ခြင်းအတွက်ပြည်ထောင်ဖွား သီးချင်းလေးတပုဒ်အတူဆိုလိုက်စမ်း သီချင်းလေးအတိုင်း စီးဆင်းကြမယ်…သီချင်းလေးအတိုင်း စီးဆင်းကြမယ်…ဟေ့” ဆိုတဲ့ သီချင်း အပိုင်းအစ ကို ဗိုလ်ချုပ်ဂွန်မော်က ဖော်ပြခဲ့တာပါ။

Public Service Announcement

Public Service Announcement

နမ့်ခမ်းမြို့ဟာ တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထားတဲ့ မြို့ဖြစ်ပြီး ဗိုလ်ချုပ်ဂွန်မော် နမ့်ခမ်းကို ရောက်ရှိနေခြင်းရှိမရှိကို အတည်မပြုနိုင်ပေ။ ဒါပေမဲ့ KIAနဲ့ TNLA အကြား ရှမ်းမြောက်ဒေသ မြေပြင်ပြဿနာအချို့ ဖြစ်ပွားမှုအပါအဝင် မဟာမိတ်အချင်းချင်းအကြား ဆွေးနွေးညှိနှိုင်းဖို့ အခု ၂၀၂၅ နွေကာလကတည်းက ပြင်ဆင်မှုတွေလုပ်ဆောင်နေတာပါ။

KIO/KIAနဲ့ PSLF/TNLA တို့ဟာ မဟာမိတ်စာချုပ်ချုပ်ဆိုထားတဲ့ အဖွဲ့အစည်းတွေလည်းဖြစ်ပါတယ်။ လက်ရှိမှာ KIAဟာ စစ်ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပြီး TNLAကတော့ တရုတ်အစိုးရရဲ့ ဖိအားပေးမှုကြောင့် ၂၀၂၅ အောက်တိုဘာလကုန်ပိုင်းမှာ စစ်ကောင်စီနဲ့ အပစ်ရပ်စဲကာ မိုးမိတ်၊ မိုးကုတ်က ဆုတ်ခွာဖို့ သဘောတူခဲ့ရပါတယ်။ နိုဝင်ဘာလကုန်ပိုင်းမှာ မိုးမိတ်ကနေ TNLAတပ်တွေ ဆုတ်ခွာချိန် မိုးမိတ်ကိုဝင်လာတဲ့ စစ်ကောင်စီတပ်ကို KIA/PDF ပူးပေါင်းတပ်က နိုဝင်ဘာ ၃၀ရက်မှာ တိုက်ခိုက်ခဲ့ပါတယ်။

TNLA အနေနဲ့လည်း စစ်ကောင်စီနဲ့ အပစ်ရပ်တာဟာ ကျည်၊ ဘတ်ဂျတ်နဲ့ စစ်အင်အား နည်းလို ဖြစ်တယ်လို့ အဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်တားဘုန်းကျော်က ပြောကြားထားပြီး ပွဲမပြီးသေးကြောင်း အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ