Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းလေကြောင်းတိုက်ခိုက်မှု ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူ ၁၈ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်၊မရကန်ကျေးရွာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးငယ်နှစ်ဦး အပါအဝင် ပြည်သူ ၁၈ဦးသေဆုံးကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ထုတ်ပြန်ပါတယ်။

ဒီပဲယင်းမြို့နယ်၊ မရကန်ကျေးရွာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအတွင်း ပျက်စီးမှုများ။ ဓာတ်ပုံ - ဒီပဲယင်း ပအဖ

ဒီဇင်ဘာ-၆၊ ၂၀၂၅။ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်၊မရကန်ကျေးရွာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးငယ်နှစ်ဦး အပါအဝင် ပြည်သူ ၁၈ဦးသေဆုံးကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ထုတ်ပြန်ပါတယ်။

မနေ့က ဒီဇင်ဘာ ၅ ရက် ည ၈နာရီခန့်က ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း မရကန်ကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့လို့ နေအိမ်တွေ ပျက်စီးပြီး ပြည်သူ ၁၈ဦး ပွဲချင်းပြီး သေဆုံးကာ အများအပြား ဒဏ်ရာရရှိကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးပါတယ်။

သေဆုံးသူတွေထဲမှာ (၅)နှစ်အောက် ကလေးငယ်နှစ်ဦးနဲ့ အမျိုးသမီးတွေလည်း ပါဝင်ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိအချိန်ထိအသက်အန္တရာယ်စိုးရိမ်ရတဲ့ထိခိုက်ဒဏ်ရာရ ပြည်သူတွေလည်းရှိနေလို့အခြေအနေကိုဆက်လက်စောင့်ကြည့်နေရဆဲဖြစ် ကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။

စစ်ကောင်စီဟာ ရည်ရွယ်ချက်ရှိရှိနဲ့ အများပြည်သူနေထိုင်ရာ ကျေးရွာတွေကို လေကြောင်းနဲ့ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်သတ်ဖြတ်နေလို့ ပြည်သူတွေ လေကြောင်းအန္တရာယ်အထူးဂရုစိုက်နေထိုင်ကြဖို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းနှိုးဆော်နေပါတယ်။

ဆက်စပ်သတင်းများ