Connect with us

Hi, what are you looking for?

သတင်း

ချင်းမြောက်ပိုင်း စစ်ကောင်စီထိုးစစ် ချေမှုန်းနိုင်ပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေသိမ်းရဟု PDF ဇိုလဲန်း စစ်ဦးစီးချုပ်ပြော

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်နဲ့ ဖလမ်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်က စစ်အင်အားအလုံးအရင်းထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေများစွာကို ချေမှုန်းနိုင်ခဲ့သလို စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းရခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလဲန်း တပ်ဖွဲ့ စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။

တီးတိန်မြို့နယ်မှာ နိုဝင်ဘာ ၂၇ရက်က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံက သိမ်းရတဲ့ လကါနက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်း။ ဓာတ်ပုံ - PDF ဇိုလဲန်း

▪️ကနေဒီတောင်ခြေ ဖလမ်းဗားလုံရွာအနီးမှာ စစ်တပ်စစ်ကြောင်းတွေ လှုပ်ရှားနေ

ဒီဇင်ဘာ-၆၊ ၂၀၂၅။ ဆန်အောင်/People’s Spring

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်နဲ့ ဖလမ်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်က စစ်အင်အားအလုံးအရင်းထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေများစွာကို ချေမှုန်းနိုင်ခဲ့သလို စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းရခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလဲန်း တပ်ဖွဲ့ စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၆ရက်မနက်မှာ ပြုလုပ်တဲ့ ချင်းညီနောင်ရဲ့ ရံပုံငွေရှာဖွေပွဲမှာ ချင်းမြောက်ပိုင်း စစ်ရေး အခြေအနေကို အသိပေးခဲ့တာဖြစ်ပြီး ရန်သူ့ဘက်က ဒရုန်းအပါအဝင် နည်းပညာအသုံးပြု တိုက်ခိုက်မှု တိုးတက်လာပေမယ့် တော်လှန်ရေးရဲဘော်တွေဘက်က စိတ်ဓာတ်ခံယူချက်ကို ရိုက်ချိုးလို့ မရဟု ပြောပါတယ်။ လွတ်လပ်ချင်တဲ့ဆန္ဒ တနိုင်ငံလုံး လွတ်မြောက်ရေး ပြည်နယ်လွတ်မြောက်ရေး၊ စကစ ကင်းစင်ရေးဟာ အောက်ခြေရဲဘော်တွေရဲ့ စိတ်ထဲအထိ ရောက်ရှိနေတာဖြစ်လို့ စစ်ကောင်စီ အပြီးမချေမှုန်းနိုင်သေးတောင် အထိုက်အလျောက် ဟန့်တားနိုင်ခဲ့ပြီး အောင်ပွဲအချို့ရခဲ့တယ်လို့ စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဟာ အောက်တိုဘာလကုန်ပိုင်းမှာ တီးတိန်မြို့ကို ရဟတ်ယာဉ်နဲ့ အင်အားပို့လာချိန် အတွေးများခဲ့ပေမယ့် သုံးသပ်ကြည့်ပါက စစ်တပ်က မြေပြင်ထိုးစစ်မဆင်နိုင်လို့ လေကြောင်းက စစ်အင်အားဖြည့် ထိုးစစ်ဆင်တဲ့ဗျူဟာ သုံးလာခြင်းဖြစ်တယ်လို့ PDF ဇိုလဲန်း စစ်ဦးစီးချုပ်က ပြောပါတယ်။

” နဂိုရ်က ဒီနှစ်အတွင်းမှာပဲ ကလေးကနေ တပ်ရင်းသုံးရင်း တက်လာတယ်။ ကျနော်တို့ အားလုံး ပူးပေါင်းပြီးမှ တိုက်ကြတယ်။ တပ်ရင်းသုံးရင်းက တပ်လှန်သွားတယ်။ ပြည်တွင်းပြည်ပက ပြည်သူတွေရဲ့ ဆုတောင်းပေးမှု ထောက်ပို့လုပ်ပေးမှုကြောင့် ကျနော်တို့ အောင်ပွဲတွေ ရခဲ့တယ်။တပ်ရင်း သုံးရင်းဆိုတာ နည်းတဲ့ ပမာဏမဟုတ်ဘူး” လို့ PDF ဇိုလဲန်း စစ်ဦးစီးချုပ်က ပြောပါတယ်။

ကလေး-တီးတိန် လမ်းမကြီးအတိုင်းထိုးစစ်ဆင်ရမှာကို သွေးကြောင်သွားလို့ တီးတိန်မှာ အင်အားချ နှစ်ဖက်ညှပ်ထိုးဖို့ လုပ်ဆောင်လာတာဖြစ်ပြီး စစ်ကောင်စီတပ် စစ်ကြောင်းကို တိုက်ခိုက်ရာမှာ လက်နက်ခဲယမ်းတွေရခဲ့တယ်လို့ ပြောပါတယ်။

” ရန်သူ့ဘက်က လက်နက်တွေ လက်နက်ကြီးတွေ ဗျူဟာမြောက်တဲ့ လက်နက်တွေလည်းရတယ်။ ပြီးတော့ ဒီစစ်ကြောင်းကို မတားနိုင်တဲ့အဆုံးမှာ တီးတိန်ကြိုဆိုပါ၏မှာ တပ်စွဲတဲ့ဟာ ပြန်ပြီးမှ ချေမှုန်းနိုင်တယ်။ ချေမှုန်းတဲ့အချိန်မှာ ရန်သူ့ဘက်က ကားတစီးအပါအဝင် လက်နက်ခဲယမ်းဗုံးသီးတွေကတော့ တော်တော်သိမ်းမိတယ်။စစ်ကြောင်းမှာ ကျနော်တို့ဘက်က ကျဆုံးရဲဘော် ၂ယောက်ရှိတယ်။ ရန်သူ့ဘက်က တော်တော်အထိအခိုက် များတယ်။ ပြီးရင် စစ်သုံ့ပမ်းတွေလည်း မိထားတယ်။ စစ်ကြောင်းထိုးတုန်းကလည်း စစ်သုံ့ပမ်းတွေ မိထားတယ်။ တီးတိန်ကြိုဆိုပါ၏ကို တိုက်တုန်းကလည်း စစ်သုံ့ပမ်းတွေလည်းမိထားတယ်။” လို့ စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။

လက်ရှိ ကနေဒီတောင်ခြေမှာ စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားနေတာရှိသလို သိုင်းငင်းဘက်က ဖလမ်းမြို့ဘက် ဦးတည်တဲ့ စစ်ကြောင်းက ဗားလုံအနီးအနားတဝိုက်လှုပ်ရှားနေတာရှိလို့ တော်လှန်ရေးတပ်ပေါင်းစုတွေက အကောင်းဆုံးကြိုးစားခုခံနေကြောင်း အသိပေးပါတယ်။

ချင်းညီနောင် တာဝန်ရှိသူဖြစ်တဲ့ ကိုဆလိုင်းကလည်း “အားလုံးသိကြတဲ့အတိုင်းပဲ အခုအနေအထားမှာ ချင်းပြည်မှာ စစ်ကောင်စီကနေပြီးတော့မှ သူတို့ ရွေးကောက်ပွဲလုပ်နိုင်ဖို့ အတွက် ဆိုပြီးတော့မှ တကယ့်ကို အပြင်းအထန် ထိုးစစ်ဆင်နေတယ်။တီးတိန်နဲ့ ဖလမ်းနယ်ထဲမှာဆိုရင် တိုက်ပွဲတွေ တော်တော်လေး ပြင်းပြင်းထန်ထန် ရှိနေတယ်။ ကျနော်တို့ စစ်ရေးကိစ္စတွေ ဖြစ်တဲ့အတွက် များသောအားဖြင့် သတင်းထုတ်ပြန်မှုတွေမရှိပေမယ့် စစ်ကောင်စီက နေ့စဉ်လိုလို Y12 နဲ့ ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးနဲ့ကြဲ၊ စစ်ကြောင်းအများကြီးနဲ့ ကျနော်တို့ကို အပြင်းအထန် ထိုးစစ်ဆင်နေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ် ထိုးစစ်ကို ချင်းညီနောင်ရဲဘော်တွေအနေနဲ့ တက်နိုင်သလောက် ခုခံတိုက်ခိုက်နေပြီး သိမ်းပိုက်ထားတဲ့ ဖလမ်းမြို့နဲ့ နယ်မြေတွေ ပြန်မပေးရအောင် တက်နိုင်သလောက် ကာကွယ်နေတယ်လို့ ကိုဆလိုင်းက ပြောပါတယ်။

အဲဒါကြောင့် ချင်းညီနောင်အပါအဝင် နွေဦးတော်လှန်ရေးဟာ ပြည်သူ့ထောက်ပံ့မှုနဲ့ သွားနေတာဖြစ်လို့ ပြည်သူ့ထောက်ပံ့မှု အမြဲတမ်းလိုအပ်နေ ကြောင်း အသိပေးပါတယ်။

“အခုအချိန်မှာဆိုပိုပြီး လိုအပ်တယ်။ ချင်းပြည်မြောက်ပိုင်းမှာဆိုရင် အကြိတ်အနယ် တိုက်ပွဲတွေဖြစ်နေသလို တောင်ပိုင်းမှာဆိုရင် စစ်ကောင်စီက အညာဘက်ကနေ တက်နိုင်သလောက် သူတို့ ထိုးဖောက်ဖို့ ကြိုးစားနေတယ်။”လို့လည်း ကိုဆလိုင်းက ပြည်သူတွေရဲ့ ပံ့ပိုးမှု လိုအပ်တဲ့အခြေအနေကို ပြောပြပါတယ်။

ချင်းညီနောင်ဟာ ၂၀၂၄ အတွင်းက ချင်းတောင်ပိုင်းက မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ကျင်ဒွေးမြို့တွေကို သိမ်းပိုက်ထားပြီး အခုနှစ် နွေကာလမှာ ချင်းမြောက်ပိုင်းက ဖလမ်းမြို့ကို သိမ်းပိုက်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ