Connect with us

Hi, what are you looking for?

သတင်း

မန္တလေးဆီ ပြောင်းရွှေ့ကြသူတွေများလာချိန် အိမ်ဌားခတွေစျေးတက်

စစ်ရှောင်အများအပြားရောက်ရှိနေတဲ့ မန္တလေးမြို့မှာ အိမ်ငှားခစျေးနှုန်းမြင့်တက်သွားပြီး အလွယ်တကူဌားရမ်းမရတဲ့အခြေအနေ ကြုံနေရတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီကသိရပါတယ်။

မန္တလေးမြို့အဝင် ( ဓာတ်ပုံ - ဝီကီ) 

ဒီဇင်ဘာ – ၆ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

စစ်ရှောင်အများအပြားရောက်ရှိနေတဲ့ မန္တလေးမြို့မှာ အိမ်ငှားခစျေးနှုန်းမြင့်တက်သွားပြီး အလွယ်တကူဌားရမ်းမရတဲ့အခြေအနေ ကြုံနေရတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီကသိရပါတယ်။

အိမ်ငှားခစျေးနှုန်းကလည်း ယခင်ထက် နှစ်ဆနီးပါး မြင့်တက်သွားတယ်လို့ ဆိုပါတယ်။

“စျေးမတန်တဆဖြစ်နေလည်း ပေးကြတာပဲ နေဖို့ခက်ခဲနေတာ”လို့ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးမြို့ပေါ်ရပ်ကွက်တွေအပြင် အမရပူရ၊ ပုသိမ်ကြီးမြို့နယ်ထဲက ကျေးရွာတွေထိပါ နေအိမ်၊ အခန်း ငှားရမ်းသူတွေ ရောက်လာကြတယ်လို့ သိရပါတယ်။

“အရင်က ခြံနဲ့အိမ်အပါ သုံး သိန်းဆို အခုငါး သိန်းနားကပ်သွားပြီ၊ အရင်လို ခြောက်လတစ်ကြိမ်တောင်မဟုတ်ဘူး နှစ်ချုပ် ချုပ်ကြတာ”လို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်းက အိမ်ခြံမြေအကျိူးဆောင်တစ်ဦးကပြောပါတယ်။

အိမ်ရှင်အိမ်ငှားစာချုပ်ချုပ်မယ်ဆိုရင်စစ်ကောင်စီရဲ့အောက်ခြေအုပ်ချုပ်ရေးဖြစ်တဲ့ ရပ်ကွက်ရုံးကို အသိပေးချုပ်ဆိုရပြီး ကျပ်သိန်းသုံးသိန်းကနေ ငါးသိန်းအထိ ပေးရတယ်လို့ မိုးကုတ်မြို့ကနေ ပြောင်းရွေ့လာသူတစ်ဦးကပြောပါတယ်။

ဒါ့အပြင် ဧည့်စာရင်းတိုင်ဖို့ ဖိအားပေးသလို ဧည့်စာရင်းစာအုပ်ကြေး ကျပ်နှစ်သိန်းထိပေးရတယ်လို့ ဆိုပါတယ်။ မန္တလေးမြို့ဆီ တိုက်ပွဲဖြစ်တဲ့ဒေသတွေက လာရောက်တိမ်းရှောင်နေကြတာပါ။

အထူးသဖြင့် မိုးကုတ်၊စစ်ကိုင်း၊ မြင်းခြံ၊နွားထိုးကြီး၊တောင်သာ၊ကျောက်ပန်းတောင်းစတဲ့ ဒေသတွေကပြည်သူတွေအများစု မန္တလေးမြို့ကို ပြောင်းရွှေ့နေထိုင်ကြတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ