Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ် – မိုးမိတ်ဒေသစစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ ဖွဲ့ပြီး အနီးကပ်ကြီးကြပ်ကွပ်ကဲနေဟု NUGကာကွယ်ရေး ထုတ်ပြန်

စစ်ကောင်စီဝင်ရောက်လာတဲ့ မိုးကုတ်နဲ့ မိုးမိတ်ဒေသမှာ စစ်ဆင်ရေးကိစ္စတွေအတွက် မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ ဖွဲ့စည်းထားပြီး အနီးကပ်ကြီးကြပ်ကွပ်ကဲကာ စစ်ကောင်စီရဲ့ အရေးပါတဲ့စခန်းကုန်းကို သိမ်းပိုက်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာန(MOD)က ထုတ်ပြန်ပါတယ်။

မိုးကုတ်နဲ့ မိုးမိတ်မြို့အဝင်၌ မန္တလေးPDF ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-MDY PDF

◾️မိုးကုတ်ဝင်လာတဲ့စစ်တပ်ကို နောက်ရက်ကစပြီး အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေ၊ စစ်ကောင်စီရဲ့ အရေးပါတဲ့စခန်းကုန်း သိမ်းပိုက်ထား

ဒီဇင်ဘာ-၆၊၂၀၂၅။အိမ်သွင်၊မေရီ/People’s Spring

စစ်ကောင်စီဝင်ရောက်လာတဲ့ မိုးကုတ်နဲ့ မိုးမိတ်ဒေသမှာ စစ်ဆင်ရေးကိစ္စတွေအတွက် မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ ဖွဲ့စည်းထားပြီး အနီးကပ်ကြီးကြပ်ကွပ်ကဲကာ စစ်ကောင်စီရဲ့ အရေးပါတဲ့စခန်းကုန်းကို သိမ်းပိုက်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာန(MOD)က ထုတ်ပြန်ပါတယ်။

မိုးကုတ်နဲ့ မိုးမိတ်မြို့အဝင်၌ မန္တလေးPDF ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-MDY PDF

နိုဝင်ဘာကုန်ပိုင်းမှာ မိုးကုတ်နဲ့ မိုးမိတ်မြို့ကနေ တအာင်းတပ်မတော် (TNLA)ဆုတ်ခွာသွားပြီးတဲ့နောက်ပိုင်း အဲဒီဒေသတွင်းစစ်ရေးအခြေအနေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ နိုဝင်ဘာ ၆ရက်မှာ ပြည်သူကို ပထမဆုံးအကြိမ် အသိပေး ထုတ်ပြန်လာတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

PDFစစ်ရုံးချုပ်အနေနဲ့ မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာ ၉ရက်က စတင်ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။ PDF တပ်တွေ၊ ပကဖတွေကို စုစည်းပြီး တသမတ်တည်းသော အမိန့်ပေးကွပ်ကဲမှုစနစ်အောက်ကတဆင့် စစ်ဆင်ရေးကိစ္စတွေကို အနီးကပ်ကြီးကြပ်ကွပ်ကဲလျက်ရှိတယ်လို့ MODက ထုတ်ပြန်ပါတယ်။

မိုးကုတ်မြို့ကိုဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတွေကို နောက်တရက်ဖြစ်တဲ့ နိုဝင်ဘာ ၃၀ရက် ညနေ ၆နာရီကစပြီး အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၃၀ရက်က ဒီနေ့ ဒီဇင်ဘာ ၆ရက်အထိ တပတ်တာကာလအတွင်း တိုက်ပွဲကြီးငယ်ပေါင်း (၉) ကြိမ်ထက် မနည်းဖြစ်ခဲ့ပြီး အရေးပါတဲ့ စစ်တပ်စခန်းကုန်းတခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲတွေမှာ မန္တလေး၊ မကွေးနဲ့စစ်ကိုင်းတိုင်းက PDF တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တွေလည်း ပါဝင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ မိုးကုတ်မြို့ကို စစ်ကောင်စီလက်အတွင်းလုံးဝ အပါမခံဘူးလို့လည်း PDFရဲဘော်တွေက လူမှုကွန်ရက်မှာ ရေးသားနေကြပါတယ်။

TNLAက မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့ကနေ ဆုတ်ခွာမယ်လို့ အောက်တိုဘာ ၂၉ရက်မှာ သတင်းထုတ်ပြန်ပြီးနောက် မိုးကုတ်မြို့ကို ကာကွယ်ဖို့ဆိုပြီး မန္တလေးတိုင်းအတွင်းက PDFတပ်ရင်းတွေအပြင် အညာတပ်ရင်းတွေ ရောက်ရှိလာခဲ့ကြပါတယ်။

TNLAက ၎င်းတို့အနေနဲ့ မြို့ကို စစ်တပ်လက်ထဲအပ်မှာဖြစ်ပြီး တော်လှန် ရေးအဖွဲ့တွေကို သေနတ်မဖောက်ဖို့ ခေါ်ပြောခဲ့ပါတယ်။ ဒါကြောင့် PDFနဲ့ တော်လှန်ရေးတပ်တွေက မြို့အပြင်ဘက်ကိုဆုတ်ခွာခဲ့ကြပါတယ်။ ဒါပေမယ့် နိုဝင်ဘာ ၃၀ရက်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး မနေ့ကတိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် မိုးမိတ်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီကလေကြောင်းကနေ တိုက်ခိုက်လို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ