Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်ကို စစ်တပ်ဗုံးကြဲ၊ စစ်ဘေးရှောင်၁ဦး သေဆုံးပြီး ၆ဦးဒဏ်ရာရ

ပြည်သူ့ကာကွယ်ရေးတပ် တွေထိန်းချုပ်ထားတဲ့နဲ့ဗန်းမောက်မြို့ကို စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲလို့ စစ်ဘေးရှောင်၁ဦး သေဆုံးပြီး၆ဦးဒဏ်ရာရသွားပါတယ်။

ဒီဇင်ဘာ-၇၊၂၀၂၅။အိမ်သွင်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ် တွေထိန်းချုပ်ထားတဲ့နဲ့ဗန်းမောက်မြို့ကို စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲလို့ စစ်ဘေးရှောင်၁ဦး သေဆုံးပြီး၆ဦးဒဏ်ရာရသွားပါတယ်။

ဒီဇင်ဘာလ ၇ရက် နေ့ခင်းပိုင်းမှာ ဗန်းမောက်မြို့နယ်တောင်ပိုင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာဖြစ်ပါတယ်။ ဒေသတွင်းကတိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတဲ့ အရပ်သား ၆ ဦးဒဏ်ရာရခဲ့ပြီး ၁ဦး သေဆုံးသွားတယ်လို့သိရပါတယ်။

ဗန်းမောက်မြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ် (၁) စစ်ဒေသကွပ်ကဲမှုနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက စက်

Public Service Announcement

Public Service Announcement

တင်ဘာ ၂၀ ရက်က သိမ်းပိုက်ခဲ့တာပါ။ စစ်တပ်နဲ့ SNA တပ်တွေက မြို့ပြင်နေရာအချို့ကနေ ပစ်ခတ်တိုက်ခိုက်မူတွေပြုလုပ်နေပြီး မြို့ကိုပြန်လည်ထိန်းချုပ်ဖို့ကြိုးပမ်းနေပါတယ်။ ဒါပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကမြို့ကိုအပြည့်ဝထိန်းချုပ်ထားပြီး စစ်ကောင်စီက လေကြောင်းကနေမကြာခဏဗုံးကြဲနေတာပါ။

ဗန်းမောက်မြို့ကလတ်တလောစစ်ရေးအခြေအနေတွေကြောင့် မြို့အနီးတဝိုက် ကျေးရွာ ၁၅ရွာဝန်းကျင်နဲ့ မြို့ပေါ် လေးရပ်ကွက်က ဒေသခံတွေတိမ်းရှောင်နေကြရဆဲဖြစ်ပါတယ်။ စစ်ဘေးရှောင် တွေအတွက်စားသောက်ကုန်တွေ ၊ အဝတ်အထည်နဲ့စောင်ခြင်ထောင်တွေ လိုအပ်နေတယ်လို့ ဗန်းမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်တပ်ဟာ၎င်းတို့ထိန်းချုပ်နိုင်ခြင်းမရှိတော့တဲ့​ဒေသတွေကို လေကြောင်းကနေ ဗုံးကြဲမှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ ဒီဇင်ဘာလ၆ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ကို လေကြောင်းကနေဗုံးကြဲလို့ အရပ်သား၁၈ဦးသေဆုံးပြီး ၄၀ကျော်ဒဏ်ရာရခဲ့ပါတယ်။ ဒီဇင်ဘာလ၇ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့ကို ဗုံးကြဲလို့ အရပ်သား၁၁ဦးသေဆုံးခဲ့ပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကိုသိမ်းယူပြီးချိန်ကနေ ပြီးခဲ့တဲ့အောက်တိုဘာလကုန်ထိ လေကြောင်းတိုက်ခိုက်မှု ၃၉၉၉ ကြိမ် ကျူးလွန်ခဲ့ပြီး ပြည်သူ၄,၃၂၂ဦးသေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ပြီးခဲ့တဲ့ နိုဝင်ဘာလ၃ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ လက်ရှိမှာလည်း စစ်ကိုင်းတိုင်းအပြင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်းတွေမှာလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေရှိနေပါတယ်။လူထုကိုပစ်မှတ်ထားပြီးသတ်ဖြတ်နေတဲ့ စစ်ရာဇဝတ်မှု သက်သေတွေစုဆောင်းနေပြီး နောင်တချိန်မှာပြစ်ဒဏ်ပေးနိုင်ဖို့ကြိုးပမ်းနေတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရကထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ