Connect with us

Hi, what are you looking for?

သတင်း

ဒုတပ်ကြပ်အပါအဝင် စစ်သား ၄ဦး လက်နက်နဲ့အတူ PRA မကွေးထံအလင်းဝင်

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway)လှုပ်ရှားနေတဲ့ အမ်း – ပဒန်းလမ်းပိုင်း၊ ဇင်ပြွန်းကျေးရွာအနီး တာဝန်ကျနေတဲ့ ဒုတပ်ကြပ် တစ်ဦးအပါအဝင်စစ်သားဝင် ၄ဦး အလင်းဝင်လာကြောင်း PRA – Magway က ဒီကနေ့ (ဒီဇင်ဘာ ၇ရက်)မှာ ထုတ်ပြန်ပါတယ်။

အလင်းဝင်လာတဲ့ စစ်သား​တွေယူလာတဲ့လက်နက်ခဲယမ်း​​တွေကိုတွေ့ရစဉ်။ဓာတ်ပုံ -PRA

■ငဖဲမြို့နယ်မှာလည်းထွက်ပြေးလာတဲ့စစ်သား ၃ဦး ဖမ်းမိထားဟုဆို

ဒီဇင်ဘာ-၇၊ ၂၀၂၅။ဆန်အောင်/People’s Spring

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway)လှုပ်ရှားနေတဲ့ အမ်း – ပဒန်းလမ်းပိုင်း၊ ဇင်ပြွန်းကျေးရွာအနီး တာဝန်ကျနေတဲ့ ဒုတပ်ကြပ် တစ်ဦးအပါအဝင်စစ်သားဝင် ၄ဦး အလင်းဝင်လာကြောင်း PRA – Magway က ဒီကနေ့ (ဒီဇင်ဘာ ၇ရက်)မှာ ထုတ်ပြန်ပါတယ်။

အဲဒီသား ၄ဦးဟာ စစ်ကောင်စီလက်လွှတ်ခဲ့ရတဲ့ ဂွမြို့နယ်အခြေစိုက် ခမရ (၅၆၃)တပ်ရင်း လက်အောက်ခံတပ်ရင်းကဖြစ်ပြီး ပြည်သူ့ဘက်ကူးပြောင်းလာစဉ် MA – 1 (၁) လက်၊ MA – 2 (၁) လက်၊ MA – 3 (၂) လက်နဲ့ ခဲယမ်းတွေ ယူလာခဲ့တယ်လို့ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

အလင်းဝင်လာတဲ့ စစ်သားက အတင်းအဓမ္မ ဖမ်းဆီ စစ်သားစုဆောင်းခံရမှုနဲ့ တပ်တွင်း အခြေအနေ ပြောကြားချက် ရုပ်သံကိုလည်း PRA Magway ပူးတွဲ ဖော်ပြထားပါတယ်။ ပြောကြားသူ တပ်သားရဲ့ လုံခြုံရေးအရ အမည်ကိုတော့ ဖော်ပြမထားပါဘူး။

အလင်းဝင် တပ်သားရဲ့ ပြောကြားချက်အရ စစ်ကောင်စီတပ်တွင်းမှာ ကြီးနိုင်ငယ်ညှင်း အနိုင်ကျင့်တာတွေရှိနေသလို ခွဲခြားမှုတွေ လည်းရှိတယ်လို့ ဆိုပါတယ်။

“မင်းတို့ ပစ(ပြည်သူ့စစ်)တွေရှေ့ကသေသွားလည်းငါတို့စိတ်မပူဘူး။နောက်မှာ သင်တန်းတခါဆင်းရင် ပစလူဦးရေ ၅၀၀၀ ရှိတယ်။ မင်းတို့ တယောက်ပြေးသွားတာဖြစ်ဖြစ် သေတာပဲဖြစ်ဖြစ် ငါတို့အတွက် စိတ်ပူစရာမလိုဘူး အဲဒီလိုမျိုးအနှိမ်ခံရတာပေါ့” လို့ အလင်းဝင်တပ်သားက ပြောပါတယ်။

စီနီယာ ပြည်သူ့စစ်အချင်းချင်းလည်း အနိုင်ကျင့်တာတွေရှိတယ်လို့ ပြောပါတယ်။ ဒါ့အပြင် အရာရှိတွေက ငယ်သားတွေကို အနိုင်ကျင့် နှိပ်စက်တာတွေရှိတယ်လို့ ဆိုပါတယ်။

ပြည်သူ့စစ်တွေက ပေါ်တာဆွဲခံရတာ အဓမ္မစစ်သားစုဆောင်းခံရတာဖြစ်လို့ စစ်တိုက်ဖို့နေနေသာသာ သေနတ်ကိုင်ရတာကိုပင် စိတ်မပါကြသလို တပ်ကို စွန့်ခွာလိုသူတွေရှိတယ်လို့ ပြောပါတယ်။ ဒါကြောင့် သူငယ်ချင်းတွေနဲ့အတူ အလင်းဝင်ခဲ့တာလို့ အလင်းဝင်လာတဲ့ တပ်သားက ပြောပါတယ်။

တော်လှန်ရေးမှာပါဝင်ပြီးလက်နက်ကိုင်ပြီး စစ်တပ်ကို ပြန်တိုက်ဖို့ စိတ်ကူးရှိထားတယ်လို့လည်း အလင်းဝင်လာတဲ့ တပ်သားက ပြောပါတယ်။

တနိုင်ငံလုံးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး အနေဖြင့် နီးစပ်ရာတော်လှန်ရေးအင်အားစုတွေနဲ့ဆက်သွယ်အလင်းဝင်ဖို့လည်းသူကတိုက်တွန်းပါတယ်။

ဒါအပြင်PRA Magway ရဲ့ ထုတ်ပြန်ချက်မှာ နတ်ရေကန်တောင်နဲ့ အမ်း – ပဒန်း လမ်းပိုင်းတိုက်ပွဲများမှ ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ဦးကိုလည်း ငဖဲမြို့နယ်အတွင်းဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီ ထဲက ၂ဦးဟာ ခလရ (၂၉၅)တပ်ရင်းက တပ်ဖွဲ့ဝင်တွေဖြစ်ပြီး အခြားတစ်ဦးဟာ တပ်မ (၆၆) လက်အောက်ခံ သာယာဝတီအခြေစိုက် ခလရ (၃၅)တပ်ရင်းဖြစ်ကာ သူတို့ ၃ဦးလုံးဟာလည်း အတင်းအဓမ္မပေါ်တာဆွဲခံရတဲ့ သူတွေဖြစ်တယ်လို့ အသိပေးပါတယ်။

လတ်တလောမှာ သူတို့ သုံးယောက်ကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း ထုတ်ပြန်ပါတယ်။

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway) အနေနဲ့ ဖြစ်ပေါ်ပြောင်းလဲလျက် ရှိတဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေမှာစဉ်ဆက်မပြတ်ပါဝင်ဆောင်ရွက်နေကြောင်း အသိပေးပါတယ်။

ဒါ့အပြင် တော်လှန်ရေးရဲ့ တောင်းဆိုမှုနဲ့အညီ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် တပ်ပေါင်းစုတည်ဆောက်ရေးမှာသော်လည်းကောင်း၊ ဒေသန္တရအစိုးရတွေ၊ ဖက်ဒရယ်ယူနစ်တွေနဲ့ ပူးပေါင်း၍သော်လည်းကောင်း နွေဦးတော်လှန်ရေး ပြီးဆုံးတဲ့အထိတိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ