Connect with us

Hi, what are you looking for?

သတင်း

စစ်​တပ်ရွေးကောက်ပွဲဆန့်ကျင်ဖို့နဲ့အသံတိတ်သပိတ်မှာပါဝင်ဖို့ စစ်ကိုင်းတိုင်းမှာလှုံ့ဆော်ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်​ကောင်စီရွေးကောက်ပွဲဆန့်ကျင်ဖို့နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု အသံတိတ်သပိတ်မှာပါဝင်ဖို့ ဒီကနေ့ (ဒီဇင်ဘာ၇) မှာ အသီးသီး လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

ဒီဇင်ဘာ ၇၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်​ကောင်စီရွေးကောက်ပွဲဆန့်ကျင်ဖို့နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု အသံတိတ်သပိတ်မှာပါဝင်ဖို့ ဒီကနေ့ (ဒီဇင်ဘာ၇) မှာ အသီးသီး လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ကန်သာယာမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုအဖြစ် ကြက်ခြေခတ်နဲ့ပယ်ချမယ် Cross Campaign ကို ပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ “အတုအယောင်ရွေးကောက်ပွဲအလိုမရှိ” ၊ “ဖက်ဆစ်ရွေးကောက်ခွေးထွက်ပေါက်” စတဲ့ ကြွေးကြော်သံတွေနဲ့ စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီနဲ့ အောင်လံလွှင့်မည် ရွှေရေကြည်သပိတ်တို့က “သင့်မဲဖြင့်တရားဝင် လူသတ်ခွင့် မပေးနဲ့” စာသား ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

မြင်းမူမြို့နယ်မှာလည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဒီဇင်ဘာ၁၀ရက် (အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့) မှာပြုလုပ်မယ့် အသံတိတ်သပိတ်မှာ ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ