Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့မှာ တိုက်ပွဲပြင်းထန်နေ

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး သစ်ဆိမ့်ကုန်းကျေးရွာမှာ တိုက်ပွဲပြင်းထန် ‌‌နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မိုးကုတ်ဗျူဟာက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - မိုးကုတ်ဗျူဟာ

ဒီဇင်ဘာ-၈၊၂၀၂၅၊မေ/People’s Spring

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး သစ်ဆိမ့်ကုန်းကျေးရွာမှာ တိုက်ပွဲပြင်းထန် ‌‌နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၆ရက်မှာ တိုက်ပွဲဖြစ်ခဲ့သလို ဒီဇင်ဘာ ၇ ရက်မှာလည်း မနက် ၈နာရီကတည်းက ဆက်တိုက်တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။

“တိုက်ပွဲတွေက ဆက်ဖြစ် နေဆဲနဲ့ စစ်တပ် ဘက်ကနေ တဖြည်းဖြည်းနဲ့ ဂွေးပင်ရွာဘက်အထိ ဆုတ်ခွာ နေတာကို တွေ့ရတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က မြို့အနောက်ခြမ်းကို စစ်ကြောင်းထိုးလာဝာာဖြစ်ပြီး စခန်းကြီးကျေးရွာအထိ စစ်တပ်ကလက်လွှတ်ထားရကာ သစ်ဆိမ့်ကုန်းမှာလည်း စစ်တပ် အကျအဆုံးများတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘော်မားရွာဘက်မှာလည်း တိုက်ပွဲ အပြင်းအထန်ဖြစ် နေတယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေဟာ မိုးကုတ်မြို့နဲ့ အနီးစပ်ဆုံးအထိရှိနေပြီး တိုက်ပွဲတွေ ဆက်တိုက် ပြင်းထန်နေတာလို့ သိရပါတယ်။

စစ်တပ်ဝင်ရောက်လာတဲ့ မိုးကုတ်နဲ့ မိုးမိတ်ဒေသမှာ စစ်ဆင်ရေးကိစ္စတွေအတွက် မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ ဖွဲ့စည်းထားပြီး အနီးကပ်ကြီးကြပ်ကွပ်ကဲကာ စစ်ကောင်စီရဲ့ အရေးပါတဲ့စခန်းကုန်းကို သိမ်းပိုက်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာန(MOD)က ဒီဇင်ဘာ ၆ရက်မှာ ထုတ်ပြန်ပါတယ်။

နိုဝင်ဘာကုန်ပိုင်းမှာ မိုးကုတ်နဲ့ မိုးမိတ်မြို့ကနေ တအာင်းတပ်မတော် (TNLA)ဆုတ်ခွာသွားပြီးတဲ့နောက်ပိုင်း အဲဒီဒေသတွင်းစစ်ရေးအခြေအနေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၆ရက်မှာ ပြည်သူကို ပထမဆုံးအကြိမ် အသိပေး ထုတ်ပြန်လာတာဖြစ်ပါတယ်။

PDFစစ်ရုံးချုပ်အနေနဲ့ မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာ ၉ရက်က စတင်ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။ PDF တပ်တွေ၊ ပကဖတွေကို စုစည်းပြီး တသမတ်တည်းသော အမိန့်ပေးကွပ်ကဲမှုစနစ်အောက်ကတဆင့် စစ်ဆင်ရေးကိစ္စတွေကို အနီးကပ်ကြီးကြပ်ကွပ်ကဲလျက်ရှိတယ်လို့ MODက ထုတ်ပြန်ပါတယ်။

မိုးကုတ်မြို့ကိုဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတွေကို နောက်တရက်ဖြစ်တဲ့ နိုဝင်ဘာ ၃၀ရက် ညနေ ၆နာရီကစပြီး အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၃၀ရက်က ဒီနေ့ ဒီဇင်ဘာ ၆ရက်အထိ တပတ်တာကာလအတွင်း တိုက်ပွဲကြီးငယ်ပေါင်း (၉) ကြိမ်ထက် မနည်းဖြစ်ခဲ့ပြီး အရေးပါတဲ့ စစ်တပ်စခန်းကုန်းတခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ