ဒီဇင်ဘာ-၈၊၂၀၂၅၊ရှိန်း/ People’s Spring
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊စိုက်ကွင်းရွာအနီးမှာ အမျိုးသမီး ၃၀ကျော်ကို စစ်တပ်က ကြိုးတုပ်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စဉ့်ကူးမြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က ဒေသခံစိုက်ခင်းတွေမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီး ၃၀ကျော်ကို ဒီဇင်ဘာ ၆ရက်က ဖမ်းဆီးသွားတာလို့ သိရပါတယ်။
“အရင်ရက်က စစ်ကြောင်းမိုင်းဆွဲခံရတာ။အဲတာပြီးတော့ စစ်ကြောင်းထပ်ထိုးလာတာ။အဲဒီမှာ စပါးရိတ်တဲ့ အမျိုးသမီးတွေအများစု ရဲဘက်(စိုက်ကွင်းရွာတောင်ဘက်က စိုက်ခင်း)မှာ အဖမ်းခံရတာ။ယောကျာ်းသားတွေကတော့ ပေါ်တာ ကြောက်လို့ ရှောင်ကြတယ်။မိန်းမတွေက မဖမ်းလောက်ဘူးဆိုပြီး မရှောင်ကြတာလည်းပါတယ် “လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement
ဖမ်းဆီးထားသူတွေကို စစ်တပ် တပ်စွဲထားတဲ့ ယက်ကန်းစင်တောင်ဘက်ကို ကြိုးတုပ်ခေါ်သွားတယ်လို့ သိရပါတယ်။
စစ်အုပ်စုက မတ္တရာမြို့နယ်ဘက်ကနေ စဉ့်ကူးမြို့နယ်ဘက်ကို စစ်ကြောင်း နေ့စဉ်ထိုးနေပြီး စဉ့်ကူးမြို့နယ်ဘက်က တရော်ပင်ကျေးရွာကို ဒီဇင်ဘာ၆ ရက်က တော်လှန်ရေးတပ်တွေ လက်လွတ်လိုက်ရတယ်လို့ သိရပါတယ်။
ယက္ကန်းစင်တောင်ရဲ့ မြောက်ဘက်မှာလည်း စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ မကြာခဏ ထိတွေ့တိုက်ပွဲ တွေဖြစ် နေတယ်လို့ သိရပါတယ်။

















































