ဒီဇင်ဘာ ၈၊၂၀၂၅။ သုည/People’s Spring
ကချင်ပြည်နယ်၊ဖားကန့်မြို့နယ် လုံးခင်းကျေးရွာနဲ့ ဆိပ်မူကျေးရွာတို့မှာ ဖားကန့်မှော်လှည့်သပိတ်၊ ဆိပ်မူသပိတ်အင်အားစု နဲ့ ဖားကန့် (လုံးခင်း)သပိတ်အင်အားစုတွေက စစ်တပ်ပြုလုပ်မယ့် ရွေးကောက်ပွဲကို ပြည်သူတွေက ပူးပေါင်းခြင်းမပြုပဲ ဆန့်ကျင်ကြဖို့ ဒီကနေ့ (ဒီဇင်ဘာ ၈) နံနက်က ဆန္ဒပြနှိုးဆော်ခဲ့ပါတယ်။
ဖားကန့်မြို့နယ်လုံးဆိုင်ရာ သပိတ်အင်အားစုက ပြည်သူတွေကို တိုက်တွန်းနှိုးဆော်တဲ့ ဖြန့်ဝေစာမှာ စစ်ကောင်စီမှ မတရားဖမ်းဆီးထားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွတ်မြောက်ရေး ဝိုင်းဝန်းကြိုးစားကြဖို့၊ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ စစ်မှန်ခြင်းမရှိတဲ့ ရွေးကောက်ပွဲသာဖြစ်တဲ့အတွက် ပြတ်ပြတ်သားသားဆန့်ကျင်ကြဖို့၊ အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းစေရေး ပြည်သူလူထုရဲ့ စည်းလုံးညီညွှတ်မှုကို ပြသကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
တရုတ်အစိုးရ ထောက်ပံ့ကူညီနဲ့ စစ်တပ်လုပ်မယ့်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ ဖားကန့်မြို့ အတွင်း စစ်တပ် ရွေးကောက်ပွဲဆန့်ကျင်ရေး စတစ်ကာတွေကပ်တာ ၊ ပြည်သူတွေကို ရွေးကောက်ပွဲဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေဖြန့်ဝေတာတွေ ပြုလုပ်ခဲ့ကြပါတယ် ။

Public Service Announcement
ဒါ့အပြင် ဖားကန့် သပိတ်အင်အားစုတွေက ဒီဇင်ဘာ (၁၀)ရက်နေ့မှာ စစ်ကောင်စီရဲ့ ရွေး
ကောက်ပွဲအား ဆန့်ကျင်ကြောင်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြုလုပ်မယ့် အသံတိတ်သပိတ်မှာ ပြည်သူလူထုရဲ့ စည်းလုံးညီညွှတ်မှုကိုပြသကြဖို့ ဆော်ဩခဲ့ကြပါတယ်။























































