Connect with us

Hi, what are you looking for?

သတင်း

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အဖြစ် စစ်ကိုင်းတိုင်းက ပြည်သူတွေ ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဒီကနေ့ (ဒီဇင်ဘာ ၁၀ရက်) မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အဖြစ် စစ်အာဏာရှင်စနစ်နဲ့ စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ စစ်ကိုင်းဒေသသပိတ်အင်အားစု၊ GSCB

ဒီဇင်ဘာ ၁၀၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဒီကနေ့ (ဒီဇင်ဘာ ၁၀ရက်) မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အဖြစ် စစ်အာဏာရှင်စနစ်နဲ့ စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ လူ့အခွင့်အရေးနေ့ လှုပ်ရှားမှုအဖြစ် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ယင်းလှုပ်ရှားမှုကို အမျိုးသမီးမဟာမိတ်အင်အားစု၊ ယင်းမာပင်ဆားလင်းကြီးကျေးရွာပေါင်းစုံ လူထုသပိတ်ဦးဆောင်ကော်မတီ၊ သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်ဦးဆောင်ကော်မတီ၊ရွှေဥက္ကံလူထုသပိတ်ဦးဆောင်ကော်မတီတို့ပူးပေါင်းပြုလုပ်ခဲ့ပြီး ပြည်သူ့အခြေပြုကျောင်းတစ်ကျောင်းရှိ ဆရာ၊ဆရာမတွေ ကျောင်းသူကျောင်းသားတွေ ပူးပေါင်းပါဝင်ခဲ့တယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည်ရွှေရေကြည်ညနေဆည်းဆာသပိတ်စစ်ကြောင်းမှရဲဘော်တွေက ရာသီခွင်အလုပ်မအားတဲ့ကြားမှ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ပါတယ်။

အလားတူ ယင်းမာပင်မြို့နယ်ကျေးရွာတစ်ရွာမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့”၊ “ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့သပိတ်မှောက်” စာသားတွေနဲ့ ဆန္ဒပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ