ဒီဇင်ဘာ-၁၀၊ ၂၀၂၅ မေရီ/People’s Spring
မန္တလေးမြို့မှာ တရက်တည်း နှစ်ကြိမ်မြောက် ငလျင်ထပ်လှုပ်ပြီး သိသာလို့ မြို့ခံတွေစိုးရိမ်နေကြပါတယ်။
ဒီကနေ့ည ၉ နာရီ ၆မိနစ်ခန့်က မန္တလေးမြို့မှာ အနည်းငယ်သိသာတဲ့ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်သွားကြောင်း မြို့ခံတွေက ပြောပါတယ်။
“ခုညက အသံပါပါတယ်။ တော်တော်သိသာတယ်။”လို့ မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

Public Service Announcement
ငလျင်ဟာ အနည်းငယ်ပြင်းခဲ့တာကြောင့် အထပ်မြင့်တိုက်ပေါ်ကလူတွေ ဆင်းပြေးခဲ့ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အခုညလှုပ်ခဲ့တဲ့ ငလျင်နဲ့ပတ်သက်ပြီး မြေငလျင်ဌာနတွေကတော့ ထုတ်ပြန်တာမရှိသေးပါဘူး။
မန္တလေးမြို့ပေါ်တင်မကဘဲ မန္တလေးတဝိုက် ပုသိမ်ကြီး၊ အမရပူရ၊ စစ်ကိုင်းမြို့ဘက်တွေအထိ သိသာစွာ လှုပ်ခတ်သွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ညနေ ၄ နာရီ ၅မိနစ်ခန့်ကလည်း မန္တလေးတိုင်း၊ မန္တလေးမြို့ရဲ့မြောက်ဘက် ၆၈ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၈ အဆင့်နဲ့ အင်အားအတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားတာဖြစ်ကြောင်း လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။
မန္တလေးမြို့မှာ ငလျင်ကြီးလှုပ်ခတ်မှု ၉ နီးပါးကြာခဲ့ပြီဖြစ်ပေမဲ့ ပြန်လည်တည်ဆောက်ရေးတွေ ပြုလုပ်နေရဆဲဖြစ်ပြီး နောက်ဆက်တွဲငလျင်တွေကြောင့် အဆောက်အဦး ထပ်မံထိခိုက်တာတွေရှိနေဆဲဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။


















































