Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီတိုင်းမှာလည်း အသံတိတ်သပိတ် အောင်မြင်

ဒီကနေ့(ဒီဇင်ဘာ ၁၀ရက်)မှာ တနိုင်ငံလုံးကပြည်သူတွေ ပြုလုပ်နေကြတဲ့ အသံတိတ်သပိတ်မှာ ဧရာဝတီတိုင်းက ပုသိမ်နဲ့ ဟင်္သာတမြို့အပါအဝင် အခြားမြို့နယ်တွေက ပြည်သူတွေလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ဒီ‌‌နေ့ နေ့ခင်းပိုင်းက ပုသိမ်မြို့ပေါ် မြင်ကွင်း။ ဓာတ်ပုံ - CJ

ဒီဇင်ဘာ-၁၀၊၂၀၂၅။ကဖေး/People’s Spring

ဒီကနေ့(ဒီဇင်ဘာ ၁၀ရက်)မှာ တနိုင်ငံလုံးကပြည်သူတွေ ပြုလုပ်နေကြတဲ့ အသံတိတ်သပိတ်မှာ ဧရာဝတီတိုင်းက ပုသိမ်နဲ့ ဟင်္သာတမြို့အပါအဝင် အခြားမြို့နယ်တွေက ပြည်သူတွေလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

” လမ်းတွေကို ရှင်းနေတာပဲ။ ဆိုင်ကယ်သံ ကားသံလည်းမကြားရဘူး။ သုံးနာရီမှပြန်ထွက်လာကြမှာ”လို့ ပုသိမ်မြို့ခံတစ်ဦးက ပြောပါတယ်။

ပုသိမ်၊ဟင်္သာတ၊ မြောင်းမြ၊ အင်္ဂပူ၊ မအူပင် အပါအဝင် အခြားမြို့နယ်လည်းတွေမှာ မနက် ၉နာရီ ၄၅ မိနစ်လောက်အထိ လူတွေပုံမှန်သွားလာခဲ့ကြပေမယ့် ၁၀နာရီခန့်မှာတော့ အသွားအလာနည်းပါးသွားခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

” ခါတိုင်း မနက်စာကို ၁၀နာရီလောက်မှ ထွက်စားတာ။ ဒီနေ့တော့ ၉နာရီမှာထွက်ပြီး ခဏနဲ့ ပြန်တာလိုက်တယ်”လို့ ဟင်္သာတမြို့ခံတစ်ဦးက ပြောပါတယ်။

ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ ပြည်သူတွေက မနက် ၉နာရီကနေ ညနေ ၃နာရီအထိ အပြင်ပမထွက်ဘဲ အသံတိတ်သပိတ် Silent Strike ပြုလုပ်ခဲ့ကြတာပါ။

လူထု​ခေါင်း​ဆောင်​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားတဲ့နိုင်ငံ​ခေါင်း​ဆောင်​တွေနဲ့နိုင်ငံ​ရေးအကျဥ်းသား​တွေပြန်လွှတ်​ပေးဖို့ ၊စစ်တပ်ရဲ့ မတရားတဲ့​ရွေး​ကောက်ပွဲကို ဆန့်ကျင်ကြဖို့ နဲ့ အဓမ္မစစ်သားသစ်စု​ဆောင်း​နေတဲ့ စစ်မှုထမ်းဥပ​ဒေကို ဆန့်ကျင်ကြဖို့၊ဖျက်သိမ်းဖို့ စတဲ့အချက်သုံးချက်ကို အသံတိတ်သပိတ်က​တောင်းဆိုထားပါတယ်။

ပြည်သူတွေပြုလုပ်နေတဲ့အသံတိတ်သပိတ်ကိုဖျက်ဆီးဖို့အတွက် ရန်ကုန်မြို့မှာ ပျူစောထီးတွေလက်သပ်မွေးထားတဲ့ ဆိုက်ကားသမား၊ သုံးဘီးသမားတချို့က ခရီးသည်မပါဘဲ သွားလာခဲ့ကြသလို မန္တလေးမြို့မှာဆိုရင်လည်း ချောတိုင်တက်ပွဲကို စစ်ကောင်စီကပြုလုပ်ခဲ့ပါတယ်။

အသံတိတ်သပိတ်မှာပြည်သူ​တွေမပါဝင်ဖို့ စစ်တပ်က နည်းလမ်းမျိုးစုံသုံးပြီး ခြိမ်း​ခြောက်​ခဲ့ပြီး ပြည်သူ​တွေက ပပါးပါးနပ်နပ်ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြသတဲ့ ပြည်သူတွေရဲ့ဆန္ဒကို နိုင်ငံတကာအစိုးရတွေအနေနဲ့ နားလည်ဖို့လိုအပ်တယ်လို့လည်း သပိတ်မှာပါဝင်ခဲ့တဲ့ပြည်သူတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ