Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့နဲ့ ဆောမြို့က ပြည်သူတွေလည်း အသံတိတ်သပိတ်မှာ ပူးပေါင်းပါဝင်

ဓာတ်ပုံ - GSCB

ဒီဇင်ဘာ-၁၀၊ ၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်း ကနီမြို့နဲ့ မကွေးတိုင်း ဆောမြို့က ပြည်သူတွေလည်း ပြည်လုံးကျွတ်အသံတိတ်သပိတ် မှာ ပါဝင်ပူးပေါင်းနေကြပါတယ်။

ကနီမြို့နယ်နဲ့ ဆောမြို့နယ်တို့ကပြည်သူတွေက အသံတိတ်သပိတ် ပါဝင်မှုအဖြစ် အဓိကလမ်းမပေါ်မှာ ပြည်သူတွေအသွားအလာရှင်းလင်းကာ တိတ်ဆိတ်နေပါတယ်။

ဒါ့အပြင် ကနီမြို့နယ်က တော်လှန်ပြည်သူတွေက Silent Strike စာသားနဲ့ ဓာတ်ပုံကမ်ပိန်းကိုလည်း လုပ်ဆောင်ခဲ့​ပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့ မနက် ၁၀နာရီမှ ညနေ ၃နာရီအထိ နိုင်ငံတဝန်း အသံတိတ်သပိတ်ဆင်နွှဲရန် ရှိနေပြီး ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်ကြဖို့ သပိတ်အင်အားစု အသီးသီးက နှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ