Connect with us

Hi, what are you looking for?

သတင်း

ဒေါက်တာတေဇာစန်းနဲ့သပိတ်ခေါင်းဆောင်တွေကို ရွေးကောက်ပွဲနှောင့်ယှက်တဲ့ပုဒ်မနဲ့ စစ်ကောင်စီအမှုဖွင့်

မန္တလေး စျေးချိုမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့တဲ့ လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းအပါအဝင် ၁၀ ဦးကို ရွေးကောက်ပွဲနှောင့်ယှက်တဲ့ ပုဒ်မ နဲ့ အမှုဖွင့်လိုက်တယ်လို့စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။

ဓာတ်ပုံ - Tayzar San/FB

ဒီဇင်ဘာ – ၁၀ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

မန္တလေး စျေးချိုမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့တဲ့ လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းအပါအဝင် ၁၀ ဦးကို ရွေးကောက်ပွဲနှောင့်ယှက်တဲ့ ပုဒ်မ နဲ့ အမှုဖွင့်လိုက်တယ်လို့စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။

သပိတ်ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါက်တာတေဇာစန်း ၊ ကိုနန်းလင်း ၊ကိုခန့်ဝေဖြိုး ၊ ကိုထက်မြတ်အောင် ၊ မမေချီ (ခ) ချီချီ၊ မရွှန်း (ခ)ရွှန်းရွှန်းနဲ့ အမျိုးသားလေးဦးတို့ကို စစ်ကောင်စီလက်အောက်ခံ မန္တလေး အမှတ် ( ၆) နယ်မြေရဲစခန်းမှာ ပုဒ်မ ၂၃ (ခ) နဲ့ အမှုဖွင့်တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်း ဒီဇင်ဘာလ ၃ ရက် မနက်ပိုင်း က မန္တလေးမြို့ရဲ့ အထင် ကရ စျေးချိုအနီးမှာ ဒေါက်တာတေဇာစန်းဦးဆောင်ပြီး ဆန္ဒပြခဲ့တာပါ။

Public Service Announcement

Public Service Announcement

မင်းအောင်လှိုင်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံရဲ့စီးပွားရေး၊ လူမှုရေးအခြေအနေဟာ အဝီစိထိ ကျဆင်းသွားခဲ့ပြီလို့ ဒေါက်တာတေဇာစန်းက ဆန္ဒပြပွဲမှာပြောပါတယ်။

” အာဏာရှင်စနစ်ဟာ တိုင်းပြည်ရဲ့ ဘုံရန်သူဖြစ်ပါတယ်၊ အဲဒါကြောင့် အာဏာရှင်စနစ်ကို အားလုံးဆန့်ကျင်ကြမယ် ” လို့ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းက ဆန္ဒပြပွဲမှာ လူထုကိုထပ်မံ အသိပေး နှိုးဆော် တိုက်တွန်းသွားပါတယ်။​

ဒါအပြင် ဒီဇင်ဘာလ ၁၀ရက်( လူ့အခွင့်အရေးနေ့ )မှာ ဆင်နွှဲမယ့် အသံတိတ်သပိတ်မှာလူထုက ပူးပေါင်းပါဝင်ကြဖို့ကိုလည်း ဆန္ဒပြပွဲမှာ သပိတ်ခေါင်းဆောင်တွေက ဆော်သြခဲ့ကြပါတယ်။

အဲဒီဆန္ဒပြပွဲဟာ မန္တလေး မြို့ကို စစ်ကောင်စီခေါင်းဆောင်ရောက်မယ့်တစ်ရက်မတိုင်ခင်မှာပေါ်ထွက်ခဲ့တာကြောင့် စစ်ကောင်စီတပ်အတွက်တော့ လုံခြုံရေးအရ အရှိုက်ကိုထိုးခံရသလိုဖြစ်ခဲ့ပါတယ်။

ဒါကြောင့် ဆန္ဒပြပွဲမှာပါဝင်ခဲ့သူတွေကိုအသည်းအသန်ရှာဖွေတာတွေပြုလုပ်ပါတယ်။ဆန္ဒပြတဲ့နေ့မှာတင် ဒေါက်တာတေဇာစန်းတို့အဖွဲ့ကို အပူတပြင်းလိုက်လံရှာဖွေခဲ့ကြပေမယ့် ဖမ်းမမိခဲ့ပါဘူး။

စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်တွေမှာလည်း ဒေါက်တာတေဇာစန်း တို့ ဓာတ်ပုံတွေကပ်ထားပြီး တွေ့ရှိရင် အကြောင်းကြားဖို့ အသိပေးစာတွေကြေညာလာပါတယ်။

ဒါအပြင် အခုရက်ပိုင်းအတွင်း မန္တလေးမှာ မြို့ထဲ၊မြို့ပြင်နေရာအနှံ့ အင်အားအများအပြားနဲ့ စစ်ဆေးရှာဖွေတာ၊ လမ်းသွားလမ်းလာပြည်သူအချို့ကိုလူပုဂ္ဂိုလ်စိစစ် စောင့်ကြည့်စနစ် ( Person Scrutinization and Monitoring System – PSMS) နဲ့ တိုက်ဆိုင်စစ်ဆေးတာတွေ ပြုလုပ်လာပါတယ်။

ဆက်စပ်သတင်းများ