ဒီဇင်ဘာ – ၁၁ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring
မန္တလေးတိုင်း၊နွားထိုးကြီးမြို့ရဲ့ မြောက်ဘက်ခြမ်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့အတွက်ဒေသခံပြည်သူတစ်သောင်းနီးပါးဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
နွားထိုးကြီးမြို့ပေါ်ကနေအင်အား၂၅၀ကျော်ရှိတဲ့စစ်ကောင်စီတပ် စစ်ကြောင်းဟာ ဒီဇင်ဘာ၁၀ရက်ကတည်းက စတင်စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။
“မနေ့ (ဒီဇင်ဘာ၁၀ရက်)စရှောင်ရတာပေါ့ ၊ နွားထိုးကြီးမြို့ပေါ်ကို သူတို့(စစ်တပ်)ခြေကုပ်ယူလိုက်ထဲက မြို့နားက ရွာတွေ တောက်လျှောက် စစ်ကြောင်းထိုးနေတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement
နွားထိုးကြီးမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ လက်လွှတ်ရပြီး ပထမဆုံးအကြိမ် မြို့ရဲ့မြောက်ဘက်ခြမ်းက ရွာတွေကို စစ်ကြောင်းထိုးခံရတာပါ။
လက်ရှိမှာ ကြာကန်၊ ဘူးကိုင်း၊ မင်းရွာ၊ ခံစပ်ကုန်း၊နနွင်းတော်ဘို စတဲ့ကျေးရွာက ပြည်သူတွေ တိမ်းရှောင်နေရတယ်လို့သိရပါတယ်။
“ ဒီဘက်မှာ ခဲယမ်း၊ကျည်ရိက္ခာလိုအပ်ချက်တွေရှိနေတာကြောင့် တိုးလာတာ၊ အရင်ကဆို စစ်ကြောင်းထိုးဖို့နေနေသာ အနားကိုမကပ်နိုင်ဘူး”လို့ နွားထိုးကြီးမြို့နယ်အတွင်းက တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
မြေပြင်ကစစ်ကြောင်းထိုးတဲ့အပြင် လေကြောင်းကနေ ဗုံးကြဲတာ ၊ ဒရုန်းနဲ့ ဗုံးချတ ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကို လည်း တပြိုင်တည်း ပြုလုပ်လာတယ်လို့သိရပါတယ်။
နွားထိုးကြီးမြို့ပေါ်ကိုစစ်ကောင်စီတပ်စစ်ကြောင်းကပြီးခဲ့တဲ့ အောက်တို ဘာလ ၁၈ ရက်က စတင် ဝင်ရောက်လာပြီး နောက် မြို့ခံတွေက ဒီနေ့အထိ မြို့ကို စွန့်ခွာနေရဆဲဖြစ်ပါတယ်။
မြို့ထဲကို စစ်ကောင်စီတပ် စစ်ကြောင်းနဲ့အတူ သီတာယုမွန် ရဲ့ ပျုစောထီး အဖွဲ့ လည်း ပါဝင်လာပြီး နေအိမ်၊ စျေးဆိုင်တွေ ဖောက်ထွင်းယူခံရပါတယ်။


















































