Connect with us

Hi, what are you looking for?

သတင်း

စစ်ရာဇဝတ်မှုတွေဖုံးကွယ်ဖို့ကျင်းပမယ့် စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ဟု PNFCနဲ့ PNLO ပူးတွဲကြေညာ

စစ်အာဏာရှင်စနစ်ဆိုး ခိုင်မာစေရေးနဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖုံးကွယ် ဖျောက်ဖျက်နိုင်ရေး သေနတ်ထောက်ကျင်းပမယ့် စစ်တပ်ရဲ့ရွေးကောက်ပွဲကို အလေးအနက် ဆန့်ကျင်ကန့်ကွက်ရှုတ်ချကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA) တို့က ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ-၁၂၊ ၂၀၂၅။ ဆန်အောင်/People’s Spring

စစ်အာဏာရှင်စနစ်ဆိုး ခိုင်မာစေရေးနဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖုံးကွယ် ဖျောက်ဖျက်နိုင်ရေး သေနတ်ထောက်ကျင်းပမယ့် စစ်တပ်ရဲ့ရွေးကောက်ပွဲကို အလေးအနက် ဆန့်ကျင်ကန့်ကွက်ရှုတ်ချကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA) တို့က ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

မနေ့က ဒီဇင်ဘာ ၁၁ရက်မှာကျရောက်တဲ့ (၇၆)နှစ်မြောက် ပအိုဝ်းတော်လှန်ရေးနေ့ အထိမ်းအမှတ် ပူးတွဲကြေညာချက်ကို စစ်ကောင်စီကို တော်လှန်နေတဲ့ PNFCနဲ့ PNLOတို့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးမူကို ကိုင်စွဲဖော်ဆောင်နေတဲ့ ပအိုဝ်းတော်လှန်ရေး နိုင်ငံရေးအင်အားစုတွေအကြား ပိုမိုခိုင်မာကျယ်ပြန့်အားကောင်းစွာ စုပေါင်းဆင်နွှဲသွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ပြည်ထောင်စုတဝှမ်းလုံးရှိ ဒေသပေါင်းစုံက လူမျိုးပေါင်းစုံ ပြည်သူတရပ်လုံး အတူတကွ လွတ်မြောက်မှသာလျင် လွတ်မြောက်ရေး အစစ်အမှန် ဖြစ်တယ်လို့ ခံယူတဲ့အလျောက် ပအိုဝ်းလူမျိုးလွတ်မြောက်ရေး၊ ပအိုဝ်းဒေသ လွတ်မြောက်ရေးဟာ လူမျိုးပေါင်းစုံလွတ်မြောက်ရေး၊ ဒေသပေါင်းစုံလွတ်မြောက်ရေးနဲ့ ထပ်တူဖြစ်တယ်လို့ ခံယူကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးမူကို ကိုင်စွဲဖော်ဆောင်နေကြတဲ့ပြည်ထောင်စုသွေးချင်း တော်လှန်ရေး ညီအကိုမောင်နှမတွေနဲ့အတူ တော်လှန်ရေး ပြီးပြည့်စုံအောင်မြင်တဲ့အထိ ခိုင်မာစွာ လက်တွဲဖော်ဆောင်မယ်လို့လည်း ကြေညာခဲ့ပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၀ရက်က အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့က ရက္ခိုင်ပြည်နယ် မြောက်ဦးမြို့ ပြည်သူ့ ဆေးရုံကို စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ကိုလည်း PNFCနဲ့ PNLOက ပြင်းထန်စွာ ဆန့်ကျင်ကြောင်းဖော်ပြပြီး နိုင်ငံအနှံ့ ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ စစ်အုပ်စုရဲ့ ကျူးလွန်မှုတွေကို နိုင်ငံတကာက လက်ပိုက်ကြည့်မနေဘဲ ဝိုင်းဝန်းထိန်းကြောင်း အရေးယူဖို့ တောင်းဆိုခဲ့ပါတယ်။

(PNFCနဲ့ PNLOကွပ်ကဲမှုအောက် တပ်မတော်မှ ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ – PNLA)

ဆက်စပ်သတင်းများ