Connect with us

Hi, what are you looking for?

သတင်း

မုံရွာနဲ့ ရွှေဘိုမှာ စစ်တပ်က အိမ်စီးကားတွေနဲ့ လိုက်လံ ပေါ်တာဆွဲနေ၊ ဘီယာဆိုင်ထိုင်တဲ့သူတွေပါ ဖမ်းဆီးခံရဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာနဲ ရွှေဘိုမြို့ပေါ်မှာ စစ်တပ်က အိမ်စီးကားတွေနဲ့လှည့်လည်ပြီး ဘီယာဆိုင်တဲ့သူတွေကိုပါ ပေါ်တာဆွဲဖမ်းဆီးနေလို့ လူငယ်တွေ အများအပြား ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

မုံရွာမြို့မှာ စစ်တပ်က ပေါ်တာဆွဲရာမှာ အသုံးပြုတဲ့ အိမ်စီးကား ၂စီးအားတွေ့ရစဥ်။ ဓာတ်ပုံ - CJ

ဒီဇင်ဘာ-၁၂၊ ၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာနဲ ရွှေဘိုမြို့ပေါ်မှာ စစ်တပ်က အိမ်စီးကားတွေနဲ့လှည့်လည်ပြီး ဘီယာဆိုင်တဲ့သူတွေကိုပါ ပေါ်တာဆွဲဖမ်းဆီးနေလို့ လူငယ်တွေ အများအပြား ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

မုံရွာမြို့မှာ စစ်တပ်က ပေါ်တာဆွဲရာမှာ အသုံးပြုတဲ့ အိမ်စီးကား ၂စီးအားတွေ့ရစဥ်။ ဓာတ်ပုံ – CJ

ဒီကနေ့ ဒီဇင်ဘာ ၁၂ရက် ညနေပိုင်းက ရွှေဘိုမြို့၊ ပြည်တော်သာရပ်ကွက်၊ အောင်ချမ်းသာဘုန်းကြီးကျောင်းအနီးမှာ စစ်တပ်က လမ်းမပေါ် မောင်းနှင်းလာတဲ့ ကားနဲ့ဆိုင်ကယ်တွေပေါ်က လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ရွှေဘိုမြို့ခံတွေက ပြောပါတယ်။

“ ယောကျ်ားလေးတွေပါသွားတယ်။ မိန်းကလေးတွေတော့ ပြန်လွှတ်တယ်” လို့ ရွှေဘိုမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ မုံရွာမြို့ပေါ်မှာလည်း စစ်တပ်က အိမ်စီးကားတွေနဲ့ ပေါ်တာဆွဲဖမ်းဆီးနေပြီး ဒီကနေ့ညနေပိုင်းက ပစ္စည်းပို့တဲ့ဝန်ထမ်းတစ်ဦးနဲ့ နန္ဒဝန်ရပ်ကွက်က ဘီယာဆိုင်ထိုင်နေတဲ့ လူငယ် ၄ ဦး ဖမ်းဆီးခံလိုက်ရကြောင်း မြို့ခံတွေက ပြောပါတယ်။

“ မုံရွာကနေ့တိုင်း ဆွဲနေတာ။ မထူးဆန်းတော့ဘူး” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

မုံရွာနဲ့ ရွှေဘိုမြို့မှာ ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတဲ့ အရေအတွက်ကိုတော့ မသိရသေးပါဘူး။

စစ်ကိုင်းတိုင်းတင်မကဘဲ မန္တလေး၊ မကွေးနဲ့ အခြားဒေသအသီးသီးမှာပါ စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးနေပြီး ယခုနောက်ပိုင်းမှာ စစ်မှုထမ်းကန့်သတ် အသက်ကျော်တဲ့ ၃၅ နှစ်အထက်ပိုင်းတွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးတာတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ