Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရဲ့စစ်သားစုဆောင်းမှုပါသွားသူတွေ ရတဲ့နည်းနဲ့ထွက်ခွာဖို့ PDFဇိုလဲန်း တာဝန်ရှိသူ တိုက်တွန်း

အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီတပ်ရဲ့ စစ်သားစုဆောင်းမှုအတွင်းပါသွားခဲ့ရင် တော်လှန်ရေးအဖွဲ့တစ်ခုခုကို အချိန်မရွေး ဆက်သွယ်ဖို့ ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့တခုဖြစ်တဲ့ PDF ဇိုလဲန်း တပ်ဖွဲ့ တာဝန်ရှိသူက တိုက်တွန်း ပြောပါတယ်။

ဒီဇင်ဘာ-၁၂၊ ၂၀၂၅။ ဆန်အောင်/People’s Spring

အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီတပ်ရဲ့ စစ်သားစုဆောင်းမှုအတွင်းပါသွားခဲ့ရင် တော်လှန်ရေးအဖွဲ့တစ်ခုခုကို အချိန်မရွေး ဆက်သွယ်ဖို့ ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့တခုဖြစ်တဲ့ PDF ဇိုလဲန်း တပ်ဖွဲ့ တာဝန်ရှိသူက တိုက်တွန်း ပြောပါတယ်။

တီးတိန်မြို့အခြေစိုက် ခလရ(၂၆၉)တပ်ရင်းကတပ်သားသစ် ၂ဦးဟာ ဒီဇင်ဘာ ၁၀ရက်မှာ လက်နက်တွေနဲ့ အတူ PDF ဇိုလဲန်းထံ အလင်းဝင်ရောက်လာတာနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ စစ်ကောင်စီတပ်တွင်း အဓမ္မစစ်သားစုဆောင်းခံရတဲ့ ပြည်သူ့စစ်မှုထမ်းတွေကို အခုလို သတင်းစကား ပြောတာပါ။

” ရတဲ့နည်းလမ်းနဲ့ ထွက်လာခဲ့ကြပါ။ အမြဲတမ်းကြိုဆိုနေပါတယ်။ အိမ်မှာ ဆက်နေဖို့ အဆင်မပြေတဲ့လူငယ်တွေအနေနဲ့ စကမရဲ့ စစ်သားစုဆောင်းမှုမခံရအောင်နှင့် ပြည်သူလူထု လုံခြုံရေး၊ ကာကွယ်ရေးလှုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ချင်တယ်ဆိုရင်လည်း PDF ဇိုလဲန်းအနေနဲ့ သင်တန်းသားအသစ်ခေါ်နေတဲ့အကြောင်း သတင်းစကားပါးချင်ပါတယ်ဗျ”လို့လည်း PDF ဇိုလဲန်း တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ခလရ(၂၆၉)တပ်ရင်းက စစ်ကောင်စီတပ်သားတွေဟာ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ PDF ဇိုလဲန်းဆီကို အလင်းဝင်တာတွေ အရင်ကလည်း ရှိခဲ့သလို စစ်ကောင်စီတပ်တွင်း ကျန်နေတဲ့ တပ်သားတွေ အချိန်မီ အလင်းဝင်ဖို့ PDF ဇိုလဲန်းကလည်း ဖိတ်ခေါ်ထားပါတယ်။

PDF ဇိုလဲန်းနဲ့ မဟာမိတ်တွေဟာ ချင်းပြည်နယ် တီးတိန်နဲ့ ဖလမ်းကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတာဖြစ်သလို ပြီးခဲ့တဲ့ နိုဝင်ဘာက စစ်ကောင်စီ တပ်စွဲခဲ့တဲ့ တီးတိန်မြို့နယ် ကနေဒီတောင်စခန်း၊ တီးတိန်မြို့အဝင် ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီးတပ်စွဲထားတဲ့ စစ်ကောင်စီ စခန်းတွေကို PDF ဇိုလဲန်းက သိမ်းပိုက်ထားပါတယ်။

ဆက်စပ်သတင်းများ