Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီရွေးကောက်ပွဲဆန့်ကျင်ဖို့ စစ်ကိုင်းတိုင်းက ပြည်သူတွေ လှုံ့ဆော်ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်​ကောင်စီရဲ့ ရွေးကောက်ပွဲဆန့်ကျင်ဖို့ ဒီကနေ့ (ဒီဇင်ဘာ၁၂) မှာ လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

ဒီဇင်ဘာ-၁၂၊၂၀၂၅။သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်​ကောင်စီရဲ့ ရွေးကောက်ပွဲဆန့်ကျင်ဖို့ ဒီကနေ့ (ဒီဇင်ဘာ၁၂) မှာ လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်းက ဦးဆောင်ကာ စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီသပိတ် စစ်ကြောင်းဟာ စစ်တပ်ရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ “သင့်မဲဖြင့်တရားဝင် လူသတ်ခွင့် မပေးနဲ့ ” စားသားနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းက “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” ၊ “ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့သပိတ်မှောက်” စာသားတွေနဲ့ စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင် ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဒါ့အပြင် ဖမ်းဆီးထားတဲ့နိုင်ငံခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ချက်ချင်းလွှတ်ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ