Connect with us

Hi, what are you looking for?

သတင်း

ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု “ALL IN ONE PIECE MOVEMENT” ယနေ့စတင်

မြန်မာနိုင်ငံမှာလွတ်လပ်မှုတရားမျှတမှုနဲ့ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု “ALL IN ONE PIECE MOVEMENT” ကို ဒီကနေ့ (ဒီဇင်ဘာ၁၃) စတင်လိုက်ကြောင်း ကမ်ပိန်းဦးဆောင်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား ကိုထိန်လင်းက အသိပေးလိုက်ပါတယ်။

ဓါတ်ပုံ-AIOPM

ဒီဇင်ဘာ-၁၃၊၂၀၂၅။တေဇ/People’s Spring

မြန်မာနိုင်ငံမှာလွတ်လပ်မှုတရားမျှတမှုနဲ့ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု “ALL IN ONE PIECE MOVEMENT” ကို ဒီကနေ့ (ဒီဇင်ဘာ၁၃) စတင်လိုက်ကြောင်း ကမ်ပိန်းဦးဆောင်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား ကိုထိန်လင်းက အသိပေးလိုက်ပါတယ်။

“ALL IN ONE PIECE MOVEMENT” ကမ်ပိန်းလှုပ်ရှားမှုဟာဆိုရင်လည်း မေမေ့ရဲ့အကြောင်းတစ်ခုတည်းအတွက်မဟုတ်ပါဘူး။ ဒါဟာလွတ်လပ်ခွင့်ရုတ်သိမ်းခံရတဲ့ နိုင်ငံတစ်ခုအကြောင်းလည်းဖြစ်ပါတယ်။နောက်ပြီးတော့ သန်းပေါင်းများစွာအတွက် ဂုဏ်သိက္ခာ တရားမျှတမှု နဲ့ ငြိမ်းချမ်းရေး ၊ပြန်လည်ထူထောင်ရေးနဲ့လည်းပတ်သတ်ပါတယ်။” လို့ ကိုထိန်လင်းကပြောပါတယ်။

ဒီလှုပ်ရှားမှုက မြန်မာနိုင်ငံကြုံနေရတဲ့ အကျပ်အတည်းတွေအပေါ် နိုင်ငံတကာက ပိုမိုအာရုံစိုက်မှုရရှိဖို့ ၊ နိုင်ငံရေးအကျဉ်းသားတွေကို လူသားဆန်ဆန်ဆက်ဆံပြီး ပြန်လွှတ်ပေးရန် တိုက်တွန်းဖို့ ၊ ကမ္ဘာတစ်ဝှမ်းက မြန်မာနိုင်ငံသားတွေအကြား ပေါင်းစည်းလုပ်ကိုင်နိုင်မှုခိုင်မာဖို့ ၊ နိုင်ငံတကာအစိုးရတွေ အဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ လက်တွေ့လုပ်ဆောင်နိုင်ရေး လှုံ့ဆော်ဖို့ နဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် အားလုံး အတူတကွရပ်တည်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ အတူတကွ ရှေ့ဆက်လျှောက်လှမ်းမယ်ဆိုရင်မြန်မာပြည်ပြန်ကောင်းလာနိုင်ပါတယ်။

All In One Piece အားလုံးဟာဒီလှုပ်ရှားမှုရဲ့ အစိတ်အပိုင်းလေးတွေအနေနဲ့ပေါ့” လို့ ကိုထိန်လင်းကပြောပါတယ်။

ဒီလှုပ်ရှားမှုနဲ့ပတ်သက်ပြီး တော်လှန်ရေးဘက်က ကျော်ကြားသူတွေကလည်း သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေကနေပါဝင်ပေးဖို့ တောင်းဆိုထားကြပါတယ်။

ဒီနေ့မှာဆိုရင်လည်း “ALL IN ONE PIECE MOVEMENT” လှုပ်ရှားမှုတွေကို ဆစ်ဒနီ ၊ ထိုင်ဝမ် ၊ ကနေဒါ ၊ နယူးဇီလန် ၊ UK ၊ အိုင်ယာလန် ၊ ဖင်လန် ၊ နယ်သာလန် ၊ ချက်၊UAE ၊ တောင်ကိုရီးယား နဲ့ ဂျပန်နိုင်ငံတွေမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

နယူးဇီလန်နိုင်ငံမှာတော့ မြို့ လေးမြို့၊ တောင်ကိုရီးယားနိုင်ငံမှာ‌တော့ မြို့သုံးမြို့မှာ ပြုလုပ်မှာဖြစ်ပြီး တခြားနိုင်ငံတွေမှာတော့ တစ်မြို့စီမှာပြုလုပ်သွားမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ