Connect with us

Hi, what are you looking for?

သတင်း

ရေဖြူမြို့ စစ်​ကောင်စီရုံးတွေကို PDF နဲ့ မဟာမိတ်တပ်တွေ တိုက်ခိုက်စီးနင်းပြီး မီးရှို့

တနင်္သာရီတိုင်း၊ ရေဖြူမြို့ပေါ်က စစ်​ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေကို PDF နဲ့ မဟာမိတ်တပ်​တွေက ဝင်ရောက်တိုက်ခိုက်စီးနင်းမီးရှို့ဖျက်ဆီးပြီးစစ်‌အုပ်စုရဲ့ ရွေးကောက်ပွဲအကောင်အ ထည်ဖော်မယ်လုပ်ရပ်တွေကို ရပ်တန်းကရပ်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးလိုက်ပါတယ်။

ဒီဇင်ဘာ-၁၃၊၂၀၂၅။နွေနှောင်း/People’s Spring

တနင်္သာရီတိုင်း၊ ရေဖြူမြို့ပေါ်က စစ်​ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေကို PDF နဲ့ မဟာမိတ်တပ်​တွေက ဝင်ရောက်တိုက်ခိုက်စီးနင်းမီးရှို့ဖျက်ဆီးပြီးစစ်‌အုပ်စုရဲ့ ရွေးကောက်ပွဲအကောင်အ ထည်ဖော်မယ်လုပ်ရပ်တွေကို ရပ်တန်းကရပ်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးလိုက်ပါတယ်။

“ မနေ့ကဝင်တိုက်တာ။စစ်ဆင်ရေးနဲ့အတူစာရွက်ရွက်စာတမ်းတွေ၊အဆောက်အအုံတွေလည်း မီးရှို့ဖျက်ဆီးခဲ့တယ်။မဲပေးစက်တွေပါမီးတင်ရှို့တာ” လို့ ဒေသတွင်းက တော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

ရေဖြူရဲစခန်း၊ ထွေအုပ်ရုံး၊လဝကရုံးအပြင်စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို ဒီဇင်ဘာလ ၁၂ ရက်နေ့ မနက် ၇ နာရီခန့်မှာ စတင်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုရှိတယ်လို့သတင်းတွေကြားရပေမယ့်တိုက်ပွဲသတင်းကို တော်လှန်ရေးအင်အားစုတွေကတရားဝင်ထုတ်ပြန်မထားသေးပါဘူး။

Public Service Announcement

Public Service Announcement

နည်းဗျူဟာ (၃၃) စစ်ဆင်​ရေးမှူး ​ရဲ​ဘော်​စောဒါးကိုကလည်း” တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ်မှာ အတုအယောင်ရွေးကောက်ပွဲလုပ်ဖို့အကြံအစည် ရပ်တန်းကရပ်ပါ” လို့ သတိပေး​ရေးသားထားပါတယ်။

စစ်ကောင်စီဝါဒဖြန့်ချိရေးသမားတွေကတော့ KNUနဲ့ PDF ပူးပေါင်းတပ်တွေကလာရောက်တိုက်ခိုက်တာလို့ ပြောဆိုနေကြပါတယ်။

ဆက်စပ်သတင်းများ