Connect with us

Hi, what are you looking for?

သတင်း

TNLAနဲ့ စစ်ကောင်စီ အပစ်ရပ်ပြီးနောက် ရခိုင် ဒေသ လေကြောင်းအရှိန်မြှင့်တိုက်ခိုက်လို့ ဒေသခံ ၇၀ခန့်သေဆုံး၊ ၁၄၀ခန့် ဒဏ်ရာရ

အာရက္ခတပ်တော်(AA)ရဲ့ နိုင်ငံရေး၊ စစ်ရေးမဟာမိတ်ဖြစ်တဲ့ တအာင်းတပ်မတော်(TNLA)နဲ့ စစ်ကောင်စီတို့ အောက်တိုဘာလကုန်ပိုင်းမှာ အပစ်ရပ်စဲခဲ့ပြီးနောက် စစ်ကောင်စီက AA ထိန်းချုပ်ရာဒေသကို လေကြောင်း တိုက်ခိုက်မှု အရှိန်မြှင့်လုပ်ဆောင်ခဲ့ရာ ၁လခွဲနီးပါးအတွင်း ရခိုင်ဒေသခံ ၆၈ ဦးထက်မနည်း သေဆုံးကာ ၁၃၉ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း AAရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မြောက်ဦးမြို့ဆေးရုံကို စစ်ကောင်စီက ဒီဇင်ဘာ ၁၀ရက် ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - Wai Han Aung

ဒီဇင်ဘာ-၁၃၊ ၂၀၂၅။ ဆန်အောင်/People’s Spring

အာရက္ခတပ်တော်(AA)ရဲ့ နိုင်ငံရေး၊ စစ်ရေးမဟာမိတ်ဖြစ်တဲ့ တအာင်းတပ်မတော်(TNLA)နဲ့ စစ်ကောင်စီတို့ အောက်တိုဘာလကုန်ပိုင်းမှာ အပစ်ရပ်စဲခဲ့ပြီးနောက် စစ်ကောင်စီက AA ထိန်းချုပ်ရာဒေသကို လေကြောင်း တိုက်ခိုက်မှု အရှိန်မြှင့်လုပ်ဆောင်ခဲ့ရာ ၁လခွဲနီးပါးအတွင်း ရခိုင်ဒေသခံ ၆၈ ဦးထက်မနည်း သေဆုံးကာ ၁၃၉ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း AAရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စစ်ကောင်စီဟာ AAရဲ့ မဟာမိတ်ဖြစ်တဲ့ ကိုးကန့်တပ်မတော်(MNDAA) ထိန်းချုပ်ရာ ဒေသ အထူးသဖြင့် အရပ်သားပြည်သူတွေနေထိုင်ရာနေရာတွေကို လေကြောင်း စစ်ဆင်ရေးလုပ်ပြီး တရုတ်အစိုးရ အကူအညီယူကာ ကိုးကန့်တပ်ဖွဲ့နဲ့ အပစ်ရပ်ခဲ့တဲ့နည်းတူ TNLA ထိန်းချုပ်ဒေသကိုလည်း လေကြောင်းစစ်ဆင်ရေးလုပ် တရုတ်အစိုးရ အကူအညီနဲ့ အပစ်ရပ်စဲရေးလုပ်ဆောင်ခဲ့တာပါ။

အဲဒီလို အပစ်ရပ်စဲရေး လုပ်ဆောင်ပြီးနောက် စစ်ကောင်စီဟာ ရခိုင်၊ ကချင်နဲ့ ချင်းပြည်နဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ကရင် စတဲ့ နိုင်ငံတဝန်း ဒေသအသီးသီးကို လေကြောင်း တိုက်ခိုက်တာတွေ ဆက်တိုက်ကျူးလွန်နေတာပါ။

Public Service Announcement

Public Service Announcement

” အခုလို စစ်ကောင်စီ သက်ဆိုးရှည်နေတာ အဓိကတရားခံကတော့ တရုတ်အစိုးရ ဖြစ်ပါတယ်။ သူ့ဘက်က လက်နက်ခဲယမ်းတွေ ကူညီတာရှိသလို စစ်ကောင်စီကို တိုက်နေတဲ့ ကိုးကန့် MNDAAနဲ့ ဒီ TNLA တပ်ဖွဲ့ နှစ်ခုကို အပစ်မရပ်ရပ်အောင် အဖက်ဖက်ကနေ ဖိအားပေးခဲ့တယ်။ ဒါကလည်း တရုတ်အစိုးရပါပဲ။ အဲဒါကြောင့် ကျနော်တို့ မြန်မာပြည်မှာ စစ်ကောင်စီ သက်ဆိုးရှည်နေတဲ့ အဓိက တရားခံ တရုတ်အစိုးရ ဖြစ်ပါတယ်”လို့ စစ်ရေးနိုင်ငံရေးလေ့လာသူတဦးက ပြောပါတယ်။ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းဆောင်ရွက်မှု အားနည်းတာကလည်း စစ်ကောင်စီကို သက်ဆိုးရှည်နေစေတယ်လို့လည်း ပြောပါတယ်။

TNLAကို လေကြောင်းက ဖိအားပေးပြီး အပစ်ရပ်စဲရေးလုပ်ဆောင်ခဲ့သလို အခြားတော်လှန်ရေး အင်အားစုနယ်မြေတွေကိုလည်း လေကြောင်း စစ်ဆင်ရေးလုပ်ဆောင်လာနိုင်လို့ အရပ်သား ပြည်သူတွေ အနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန်ကို အထူးသတိပြု နေထိုင်ဖို့ လည်း စစ်ရေး၊ နိုင်ငံရေးလေ့လာသူက တိုက်တွန်းပါတယ်။

ရှမ်းမြောက်မှာ အပစ်ရပ်စဲပြီးနောက် စစ်ကောင်စီက ရခိုင်ဒေသကို လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်လုပ်ဆောင်လာကြောင်း AAလည်း အောက်တိုဘာလကုန်ပိုင်းမှာ အသိပေးထားပါတယ်။ TNLAနဲ့ အပစ်ရပ်ပြီးနောက်နေ့ အောက်တိုဘာ ၂၉ရက်မှာ စစ်ကောင်စီက ရခိုင်ဒေသကို စစ်ရှိန်မြှင့်တိုက်ခိုက်ခဲ့ရာ အဲဒီနေ့ကနေ အောက်တိုဘာ ၃၁ရက်အတွင်း စစ်ကောင်စီရဲတိုက်ခိုက်မှုကြောင့်ဘစစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ ကျောက်ဖြူမြို့နယ်တွေက ဒေသခံ ပြည်သူ ၁၂ဦး သေဆုံးကာ ၃၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၅ရက် ရသေ့တောင်မြိုနယ်က ကျေးရွာ ၂ရွာကို စစ်ကောင်စီ တိုက်ခိုက်ခဲ့လို အရပ်သား ၅ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရခဲ့ပါတယ်။

နိုဝင်ဘာ ၁၇ရက်မှာလည်း ကျောက်ဖြူမြိုနယ်က ကျေးရွာအချိုကို စစ်ကောင်စီလေကြောင်း ဗုံးကြဲခဲ့ရာ ပြည်သူ ၃ဦး သေဆုံးကာ ၅ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုဝင်ဘာ ၂၈ရက်မှာလည်း ကျောက်တော်မြိုနယ်အတွင်းကျေးရွာကို လေကြောင်း တိုက်ခိုက်ခဲ့ရာ ကလေးငယ် အပါအဝင် ၇ဦးသေဆုံးကာ ၁၀ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီဇင်ဘာ ၁၀ရက်မှာတော့ မြောက်ဦးဆေးရုံကို လေကြောင်းတိုက်ခိုက်ခဲ့လို ပြည်သူ ၃၃ဦးထက်မနည်းသေဆုံးကာ ၇၆ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

စစ်ကောင်စီဟာ ဒီဇင်ဘာ ၁၁ရက်မှာလည်း ကျောက်ဖြူမြို့နယ်က ကျေးရွာတရွာကို ထပ်မံလေကြောင်း တိုက်ခိုက်ခဲ့လို့ ပြည်သူ ၈ ဦးသေဆုံးကာ ၁၀ဦးဒဏ်ရာရရှိခဲ့ကြောင်း AAက အသိပေးထားပါတယ်။

ဒါကြောင့် TNLAနဲ့ စစ်ကောင်စီ အပစ်ရပ်ပြီး အောက်တိုဘာ ၂၉ရက်ကနေ ဒီဇင်ဘာ ၁၁ရက် အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရခိုင်ဒေသခံ ၆၈ဦး သေဆုံးကာ ၁၃၉ ဦး သေဆုံးခဲ့ပါတယ်။

မနေ့က ဒီဇင်ဘာ ၁၂ရက်နဲ့ ဒီကနေ့ ဒီဇင်ဘာ ၁၃ရက်မှာလည်း စစ်ကောင်စီက မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တောမြို့နယ်တွေကို လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်ဆောင်ခဲ့ပြီး သေဆုံးထိခိုက် အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီဟာ ဒီဇင်ဘာ ၁၂ရက်ညပိုင်း၊ ညသန်းခေါင်ကျော်( ဒီကနေ့ မနက်အစောပိုင်း)တွေမှာ ရက္ခိုင်ဒေသကို လေကြောင်းတိုက်ခိုက်ခဲ့ရာ Cluster ဗုံးအပါအဝင် ရော့ကတ်တွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ဟု AAက အသိပေးထားပါတယ်။

စစ်ကောင်စီက လေကြောင်း တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေလို့ လေကြောင်းရန် အထူး သတိထားကြဖို့လည်း AAက နှိုးဆော်ထားပါတယ်။

စစ်ကောင်စီဟာ တနိုင်ငံလုံးအနှံ့အပြားက စစ်ရေးနဲ့လုံးဝမသက်ဆိုင်တဲ့ အရပ်သားပြည်သူနေထိုင်ရာ မြို့၊ ရွာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ လူနေထူထပ်သောရပ်ကွက်၊ ဘာသာရေး၊ လူမှုရေးပွဲတွေကြောင့် ဖြစ်ပေါ်လာတဲ့ လူအစုအဝေးတွေရှိရာနေရာတွေကို လူမဆန်စွာ ဗုံးကြဲတာ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။

စစ်ကောင်စီဟာ စစ်ရှုံးနေမှုတွေကို ဖုန်းကွယ်ဖို့ ကြိုးစားအားထုတ်တဲ့အနေနဲ့ အပြစ်မဲ့ပြည်သူလူထုတွေအပေါ် အကြမ်းဖက်သတ်ဖြတ်နေတာ၊ ကမ်းကုန်အောင် ရက်စက်ယုတ်မာနေတာလည်းဖြစ်ကြောင်း AAက ထုတ်ပြန်ထားပြီး ကျူးလွန်သူတွေကို ပြင်းထန်စွာ တုန့်ပြန်မယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ