Connect with us

Hi, what are you looking for?

သတင်း

မုံရွာမှာစစ်တပ်ရဲ့ဂျိုင်ရိုကော်ပတာတစ်စီးပျက်ကျ

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဂျိုင်ရိုကော်ပတာ တစ်စီး ပျက်ကျတယ်လို့ စစ်ကောင်စီလေကြောင်းသတင်းထောက်လှမ်းသူနဲ့ မြေပြင်သတင်းရင်းမြစ်အချို့ကပြောပါတယ်။

မုံရွာ နမခ မှာ Gyrocopter တစ်စီးပျံသန်းစဥ်။ဓါတ်ပုံ-​ဝေဟင်

ဒီဇင်ဘာ-၁၃၊၂၀၂၅။ မိုမို/People’s Spring

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဂျိုင်ရိုကော်ပတာ တစ်စီး ပျက်ကျတယ်လို့ စစ်ကောင်စီလေကြောင်းသတင်းထောက်လှမ်းသူနဲ့ မြေပြင်သတင်းရင်းမြစ်အချို့ကပြောပါတယ်။

ဂျိုင်ရိုကော်ပတာဟာ စမ်းသပ်ပျံသန်းစဥ် ဒီဇင်ဘာ ၁၃ ရက်ညနေ ၅ နာရီ မိနစ် ၂၀ ဝန်းကျင်က မုံရွာ လေဆိပ်ဘေးရှိ ယူကလစ်တော အနီးပျက်ကျခဲ့တာလို့သိရပါတယ်။

“စက်ချို့ယွင်းပြီးပျက်ကျသွားကာ ​ေွး ၂ ကောင်လဲ အဝိဇီသို့ ကူတို့ခ မပါပဲ ရောက်ရှိသွားကြောင်း သတင်းကောင်းပါးအပ်ပါတယ်”လို့ လေကြောင်းကင်းထောက်ကွန်ရက် ဝေဟင် အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

Gyrocopter တစီးအဆင်းအတက် ၂ ကြိမ်ပြုလုပ်နေရင်း မီးဖွားများ ထွက်ခါ လေဆိပ်အတွင်းသို့ ခေါင်းစိုက် ပျက်ကျသွားတာကို မျက်မြင် ပြည်သူ တဦးက သတင်းပေးပို့ထားတယ် လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကလည်း အသိပေးပါတယ်။

စစ်တပ်ရဲ့ ဂျိုင်ရိုကော်ပတာ ပျက်ကျမှုနဲ့ပတ်သက်လို့ ဒေသခံ တွေဆီကနေ သီးခြားအတည်ပြုနိုင်ဖို့ လူထုနွေဦးက ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

မုံရွာမြို့နယ်အခြေစိုက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှာ Gyrocopter လက်ရှိ ငါး စီး ရှိပြီး ၃ စီး အလှည့်ကျနဲ့ မုံရွာအနီးတဝိုက်၊ ပေါက် ၊ ကနီ ၊ ဝက်လက် ၊ မြင်းမူ နယ်တွေထိ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေတာလို့ သိရပါတယ်။

နိုဝင်ဘာ ၆ ရက်ကလည်း ပဲခူးတိုင်းဖြူးမြို့နယ်မှာ ဗုံးလာကြဲတဲ့ဂျိုင်ရိုကော်ပတာ အပြန်မှာပျက်ကျပြီး စစ်သား နှစ်ဦးသေတယ်လို့ ပဲခူးတိုင်း စစ်ဌာနကထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေဆက် တိုက်ပြုလုပ်နေတဲ့အပြင်မကွေး၊စစ်ကိုင်းနဲ့မန္တလေးတိုင်းမှာပါရာမော်တာ၊ဂျိုင်ရိုကော်ပတာ တွေ တွင်တွင်ကျယ်ကျယ်အသုံးပြုနေတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ပါရာမော်တာ နှစ်စီးလည်း အခု နှစ်ဧပြီနဲ့ နိုဝင်ဘာလတွေမှာပခုက္ကူနဲ့ပေါက်မြို့နယ်တွေမှာ ပျက်ကျခဲ့ပါတယ်။​ပေါက်မြို့နယ်မှာ နိုဝင်ဘာလအတွင်းပျက်ကျတဲ့ စက်တပ်​လေထီးကို ​ပေါက်နဲ့ မြိုင်က ​တော်လှန်​ရေးအဖွဲ့​တွေက ပစ်ချခဲ့တာလို့ ​ပြောပါတယ်။

ဆက်စပ်သတင်းများ