Connect with us

Hi, what are you looking for?

သတင်း

ငွေကြေးခဝါချမှုတွေနဲ့ ဆက်စပ်တဲ့ ရာဇဝတ်မှု အန္တရာယ် အကြီးဆုံး နိုင်ငံအဖြစ် မြန်မာရပ်တည်

ငွေကြေး ခဝါချမှုနဲ့ ဆက်စပ် ငွေကြေးဆိုင်ရာ ရာဇဝတ်မှုတွေမှာ မြန်မာဟာ အန္တရာယ် အကြီးဆုံးအဆင့်နိုင်ငံအဖြစ်ရပ်တည်နေကြောင်းသိရပါတယ်။

ကိုးကား-Basel AML Index

ဒီဇင်ဘာ-၁၃၊၂၀၂၅။People’s Spring

ငွေကြေး ခဝါချမှုနဲ့ ဆက်စပ် ငွေကြေးဆိုင်ရာ ရာဇဝတ်မှုတွေမှာ မြန်မာဟာ အန္တရာယ် အကြီးဆုံးအဆင့်နိုင်ငံအဖြစ်ရပ်တည်နေကြောင်းသိရပါတယ်။

ဘေဆယ်လ် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ညွှန်ကိန်း(Basel AML Index)ရဲ့နောက်ဆုံးထုတ် အစီရင်ခံစာမှာတော့ မြန်မာဟာ ငွေကြေး ခဝါချမှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ ရာဇဝတ်မှုတွေမှာ အန္တရာယ် အရှိဆုံးနိုင်ငံဆိုတဲ့ ရပ်တည်မှုမျိုးဆီ ရောက်ရှိနေတာကို တွေ့ခဲ့ရတာပါ။

Basel AML Indexဟာ ဘဏ္ဍာရေး အရေးယူမှု အထူးအဖွဲ့ (FATF)၊ နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့တို့ အပါအဝင်ရင်းမြစ်ပေါင်း၁၇ခုရဲ့အချက်အလက်တွေကိုကိုးကားပြီးအစီရင်ခံစာတွေ ထုတ်ပြန်နေခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ညွှန်ကိန်းကို ငွေကြေး ခဝါချမှု အန္တရာယ် ဆန်းစစ်ရေးအတွက် ယုံကြည်ထိုက်တဲ့ ရင်းမြစ်တစ်ခုအဖြစ် နိုင်ငံတကာ ဘဏ်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ စီးပွားရေး လုပ်ငန်းတွေက စောင့်ကြည့် ကိုးကားလေ့ ရှိပါတယ်။

ဒီတော့ Basel AML Indexရဲ့ အစီရင်ခံစာဟာ မြန်မာနဲ့ ပတ်သက်လို့ ဘဏ်လုပ်ငန်းဆိုင်ရာ ဆက်ဆံရေး ကိစ္စတွေ၊ ငွေကြေး လွှဲပြောင်းပေးမှုတွေ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက်တွေအပေါ် သက်ရောက် ထိခိုက်လာမယ့် သဘောပါပဲ။

မြန်မာနိုင်ငံဆီငွေကြေးလွှဲပြောင်းမှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ မိတ်ဖက်တွေ အနေနဲ့ အထူးသတိထားဖို့လည်း အစီရင်ခံစာထဲမှာ သတိပေးထားပါတယ်။ အနုတ်လက္ခဏာ သက်ရောက်မှုတွေကို လျှော့ချဖို့အတွက်စာရွက်စာတမ်းနဲ့ သဘောတူညီချက်တွေကို အထူးရှင်းလင်းအောင် စီမံဖို့၊ နိုင်ငံတကာ မိတ်ဖက် အသိုက်အဝန်းတွေနဲ့ တက်တက်ကြွကြွ ထိတွေ့ ဆက်ဆံပြီး အချိန်နဲ့ တပြေးညီ စီမံခန့်ခွဲဖို့ ဆိုတာတွေကို အစီရင်ခံစာက အကြံပြုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရလက်ထက်မှာ စီးပွားရေး အကြံပေးအရာရှိအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဩစတြေးလျ စီးပွားရေး ပါရဂူ ရှောင်တာနဲလ်ကတော့ အာဏာသိမ်း စစ်တပ်ရဲ့ ကျေးဇူးကြောင့် မြန်မာဟာငွေကြေး ခဝါချမှု၊ ဘဏ္ဍာရေးဆိုင်ရာ ဘေးမကင်းမှုတွေမှာ ကမ္ဘာ့အဆင့် ၁ နေရာကို ရောက်သွားခဲ့ပြီလို့ အငေါ်တူးပြီး Facebookမှာ ရေးသားထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ