Connect with us

Hi, what are you looking for?

သတင်း

မုံရွာမှာ စစ်တပ်ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေကို အရေးယူဖို့ တော်လှန်ရေးအင်အားစုတွေ ဆိုင်းဘုတ်ထောင် သတိပေး

မုံရွာမြို့နယ်မှာ စစ်တပ်ရဲ့ရွေးကောက်ပွဲပါဝင်ကြမယ့် ပါတီတွေက ကိုယ်စားလှယ်လောင်းတွေကို အရေးယူဖို့ ဆိုင်းဘုတ်တွေထောင် ကြေညာထားကြောင်း မုံရွာမြို့နယ်တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ဆိုင်းဘုတ်ထောင်နေသော တော်လှန်ရေး ရဲဘော် များအား တွေ့ရစဥ်။ ဓာတ်ပုံ-မုံရွာတော်လှန်ရေးအင်အားစု

ဒီဇင်ဘာ-၁၄၊ ၂၀၂၅ ဇေအောင်/People’s Spring

မုံရွာမြို့နယ်မှာ စစ်တပ်ရဲ့ရွေးကောက်ပွဲပါဝင်ကြမယ့် ပါတီတွေက ကိုယ်စားလှယ်လောင်းတွေကို အရေးယူဖို့ ဆိုင်းဘုတ်တွေထောင် ကြေညာထားကြောင်း မုံရွာမြို့နယ်တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က လမ်းဘေးတွေမှာ စစ်ကောင်စီတပ်ကလုပ်မယ့် ရွေးကောက်ပွဲကို ဝင်ပြိုင်ကြမယ့် ပါတီတွေက ကိုယ်စားလှယ်လောင်းတွေကို ပြည်သူလူထုအနေနဲ့ Social Punishment(လူမှုရေးအရအပြစ်ပေးခြင်း) ပြုလုပ်နိုင်ဖို့ ၎င်းတို့ရဲ့ ဓာတ်ပုံနဲ့တကွ အမည်၊ ကိုယ်စားပြုပါတီတွေကို ဗီနိုင်းမှာရိုက်နှိပ်ပြီး ကြေညာထားကြောင်း မုံရွာမြို့နယ်တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

၎င်းတို့ဟာ အကြမ်းဖက်သစ္စာဖောက် လောက်ကောင်များဖြစ်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဒီမိုကရေစီအခြေခံ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဥပဒေနဲ့ အရေးယူကြဖို့ ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

ရွေးကောက်ပွဲဝင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေနဲ့ပတ်သက်ပြီး “ဆရာကြီး ဦးအောင်သင်း စကားငှားပြောရရင်တော့ အသက် ၄၀ကျော်လို့မှ အသိတရားမရှိရင် ဘာစာအုပ်ဖတ်ဖတ် လိမ္မာမှာ မဟုတ်ပါဘူး။”လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

အဲဒီကြေညာဘုတ်တွေကို မုံရွာမြို့တွင်းနဲ့ အဓိကကျတဲ့ ကားလမ်းဘေးတွေ၊ ကျေးရွာလမ်းဆုံတွေမှာ ထောင်ထားကြောင်း တော်လှန်ရေးအင်အားစုတွေဆီက သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ