Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဉ်းတွေ လွတ်မြောက်ရေး၊ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး အိုင်ယာလန်နဲ့ ဂျပန်ရောက် မြန်မာတွေ ဆန္ဒပြ

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ (All In One Piece Movement) လှုပ်ရှားမှုကို အိုင်ယာလန်နဲ့ ဂျပန် နိုင်ငံရောက် မြန်မာတွေက ဒီကနေ့ (ဒီဇင်ဘာ ၁၄) မှာ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - All In One Piece Movement

ဒီဇင်ဘာ ၁၄၊၂၀၂၅။ သုည/People’s Spring

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ (All In One Piece Movement) လှုပ်ရှားမှုကို အိုင်ယာလန်နဲ့ ဂျပန် နိုင်ငံရောက် မြန်မာတွေက ဒီကနေ့ (ဒီဇင်ဘာ ၁၄) မှာ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

အိုင်ယာလန်နိုင်ငံ ဒူဘလင်မြို့မှာ ပြည်ပရောက်မြန်မာတွေနဲ့ Burma Action Ireland တို့ ပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ပြသဖို်အတွက် “All in One Piece Movement” Campaign မှာ ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဒါ့အပြင် ဆန္ဒပြပွဲအပြီးမှာလည်း အိုင်ယာလန်နိုင်ငံခြားရေးဝန်ကြီးအား ပေးပို့ရန်စာအား လာရောက်သူတွေက လက်မှတ်ရေးထိုးပေးပို့ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ စစ်ကောင်စီသံရုံးရှေ့မှာလည်း နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦးဝင်းမြင့် အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးပြန်လွှတ်ပေးရေး၊ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ကန့်ကွက်ရေး တောင်းဆိုတဲ့ (All In One Piece Movement) လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ပါတယ်။

အဆိုပါ All In One Piece Movement လှုပ်ရှားမှုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က ဦးဆောင်ပြုလုပ်ခဲ့ပြီး နိုင်ငံအသီးသီးက ထင်ရှားတဲ့အနုပညာရှင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပါဝင်လုပ်ဆောင်နေကြပါတယ်။

ဆက်စပ်သတင်းများ