Connect with us

Hi, what are you looking for?

သတင်း

မြောက်ဦးဆေးရုံဗုံးကြဲခံရမှု အာဆီယံရှုတ်ချ

ရခိုင်ပြည်နယ်ရဲ့မြောက်ဦးမြို့ထဲကဆေးရုံကို ဗုံးကြဲခဲ့တဲ့ ဖြစ်စဉ်အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းအရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)ရဲ့အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ မလေးရှား အစိုးရက အာဆီယံကိုယ်စား ထုတ်ပြန်ခဲ့ပါတယ်။

​​မြောက်ဦး​ပြည်သူ့ဆေးရုံကြီး ဗုံးကြဲခံရပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-​ဝေဟင်​အောင်

ဒီဇင်ဘာ-၁၄၊၂၀၂၅။People’s Spring

ရခိုင်ပြည်နယ်ရဲ့မြောက်ဦးမြို့ထဲကဆေးရုံကို ဗုံးကြဲခဲ့တဲ့ ဖြစ်စဉ်အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းအရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)ရဲ့အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ မလေးရှား အစိုးရက အာဆီယံကိုယ်စား ထုတ်ပြန်ခဲ့ပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့က မြောက်ဦးမှာရှိတဲ့ ပြည်သူ့ဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုမှာ အရပ်သား ၃၁ ဦး သေဆုံးခဲ့ပြီး ၇၆ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ် ဆိုတာကို ကြားသိရကြောင်း၊ အရပ်ဖက်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်တယ် ဆိုတာဟာ ၁၉၄၉ ဂျနီဗာ ကွန်ဗန်းရှင်း သဘောတူညီမှု အပါအဝင် နိုင်ငံတကာ လူသားချင်းစာနာမှုစည်းမျဉ်းဥပဒေတွေကို ချိုးဖောက်နေကြောင်း၊ ဒါ့အပြင် အာဆီယံ ပဋိညာဉ်ရဲ့ အခြေခံ မူတွေနဲ့လည်း လုံးဝ မကိုက်ညီတဲ့အတွက် လက်ခံနိုင်စရာ မရှိကြောင်း ဒီဇင်ဘာ ၁၄ ရက်နေ့မှာအာဆီယံ ကထုတ်ပြန်လိုက်ပါတယ်။

တိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးခဲ့သူတွေ၊ ပူဆွေးသောကရောက်နေတဲ့ မိသားစုတွေနဲ့ထပ်တူ စာနာဝမ်းနည်းကြောင်း၊ ဒဏ်ရာရသူတွေ အမြန်ဆုံး သက်သာဖို့လည်း ဆန္ဒပြုပေးကြောင်း အာဆီယံက​ဖော်ပြထားပါတယ်။မြန်မာ့နိုင်ငံရေးမှာ ပါဝင်ဆက်နွှယ်နေတဲ့ အစုအဖွဲ့အားလုံးအနေနဲ့ စစ်ဘက်၊အရပ်ဖက် မခွဲခြားဘဲ တိုက်ခိုက်နေတာတွေ၊အရပ်သားတွေနဲ့ အရပ်ဖက် အဆောက်အအုံတွေကို ပစ်မှတ်ထားနေတာတွေကို ရှောင်ကြဉ်ဖို့၊ ပြည်သူတွေနဲ့ အရပ်ဖက် အဆောက်အအုံတွေရဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ကြဖို့လည်း အာဆီယံက ထပ်လောင်း တိုက်တွန်းထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မြန်မာနိုင်ငံ အနှံ့မှာ ကျယ်ကျယ်ပြန့်ပြန့် အပစ်အခတ် ရပ်စဲရေးအတွက်လည်း တောင်းဆိုထားပါတယ်။ မြန်မာ့ အကျပ်အတည်းကို ဖြေရှင်းရာမှာ အာဆီယံ နိုင်ငံတွေ ပူးပေါင်းလက်ခံထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည် ပေါ်လာရေး ပိုမို အားထည့် ဆောင်ရွက်ကြဖို့လည်း အာဆီယံကြေညာချက်ကဆော်ဩထားခဲ့ပါတယ်။

ဒါပေမဲ့မြောက်ဦးကဆေးရုံဗုံးကြဲမှုကို ကျူးလွန်ခဲ့တဲ့ လက်သည် တရားခံ အာဏာသိမ်း မြန်မာစစ်တပ်ကို နာမည်တိတိပပတပ်ပြီး ရှုတ်ချထားတာမျိုးတော့အာဆီယံထုတ်ပြန်ချက်ထဲမှာ မတွေ့ခဲ့ရပါဘူး။

အာဏာသိမ်း စစ်တပ်က မြောက်ဦး ပြည်သူ့ဆေးရုံကို ဗုံးကြဲခဲ့ကြောင်းအတိအလင်းထုတ်ပြောထားပေမယ့်သေဆုံးသူတွေဟာအရပ်သားတွေမဟုတ်ဘဲ အာရက္ခတပ်တော် (AA)နဲ့ မဟာမိတ် တော်လှန်ရေး အင်အားစုတွေသာ ဖြစ်တယ်လို့လိမ်လည်ထုတ်ပြန်ထားပါတယ်။

AAက ​သေဆုံးသူ နဲ့ ဒဏ်ရာရသူ​တွေရဲ့ အမည်၊အသက်၊ကျားမ၊ ​နေရပ်လိပ်စာ စတဲ့အ​သေးစိပ်အချက်အလက်​တွေကို ဒီဇင်ဘာ ၁၃ ရက်ညမှာ ထုတ်ပြန်ခဲ့ပါတယ်။ သုံလသားက​လေးငယ်​လေးအပါအဝင် အမျိုးသမီး​တွေ ၊သက်ကြီးပိုင်း​တွေအများအပြားပါဝင်​နေတာဖြစ်ပါတယ်။

ကိုးကား-ASEAN chair

ဆက်စပ်သတင်းများ