ဒီဇင်ဘာ-၁၅၊၂၀၂၅။သုည/People’s Spring
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့သားကင်မ်(ခေါ်) ကိုထိန်လင်း ဦးဆောင်တဲ့ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု All In One Piece Movement ကို နိုင်ငံပေါင်း ၁၉ နိုင်ငံအသီးသီးက ဒီဇင်ဘာ ၁၃ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံးလွှတ်ပေးဖို့နဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို အသိအမှတ် မပြုဖို့ All In One Piece Movement ကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ယင်းလှုပ်ရှားမှုကို ဥရောပနိုင်ငံတွေဖြစ်တဲ့ သြစတြေးလျ၊ ကနေဒါ၊ ချက်၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အိုင်ယာလန်၊ နယ်သာလန်၊ နော်ဝေ၊ နယူးဇီလန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ဗြိတိန်၊ အမေရိကန်နဲ့ အာရှနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ် စတဲ့ နိုင်ငံတွေက မြန်မာနိုင်ငံသားတွေနဲ့ ဒီမိုကရေစီအရေးလိုလားသူတွေက လုပ်ဆောင်ခဲ့ကြပါတယ်။

Public Service Announcement
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ စစ်ကောင်စီသံရုံးရှေ့မှာလည်း Kim ကိုယ်တိုင်ဦးဆောင်ပြီး ပြည်သူ့ဆန္ဒကို ဆန့်ကျင်တဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအား ဆန့်ကျင်ရှုတ်ချခြင်း၊ အမေစုနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ဖို့ တောင်းဆိုခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။
All in One Piece လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး နိုင်ငံအသီးသီးက ပုံစံအမျိုးမျိုးဖြင့် ထောက်ခံမှုဟာ မြန်မာနိုင်ငံအတွက် လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးအတွက်တောင်းဆိုမှုတွေ တိတ်ဆိတ်သွားမည် မဟုတ်ကြောင်း ထင်ထင်ရှားရှား ပြသလိုက်နိုင်ကြောင်းနဲ့ ယင်းလှုပ်ရှားမှုကို ထောက်ခံနေကြသော မြန်မာနိုင်ငံအတွင်းရှိ ပြည်သူတွေအား လေးလေးနက်နက် ကျေးဇူးတင်ကြောင်းလည်း ကင်မ်က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ဓါတ်ပုံ – All in One Piece Movement























































