ဒီဇင်ဘာ-၁၅၊၂၀၂၅။People’s Spring
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုဟာအရာ အားလုံးကို ပျက်စီးကိန်းကြုံစေခဲ့ပေမဲ့ မြန်မာပြည်သူတွေဟာ ဆက်ပြီး တိုက်ပွဲဝင်နေပြီးအောင်ပွဲရတဲ့ထိ ဆက်ပြီးတိုက်ခိုက်နေမှာဖြစ်တယ်လို့ ဂျိုရှူအာဗန်ကပြောပါတယ်။
စင်ကာပူအခြေစိုက် Straits Times သတင်းဌာနနဲ့ ၂၀၂၅ ဇွန်လဆန်းအင်တာဗျူးဟာ ဗန်ကပြောကြားခဲ့တာဖြစ်ပါတယ်။
“ အဲ့ဒါက(စစ်အာဏာသိမ်းတာက) ကျွန်တော်တို့အားလုံးအတွက် အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ တိုက်နေဆဲပဲ… ပြီးတော့ ကျွန်တော်တို့ အောင်ပွဲရတဲ့အထိ တိုက်ပွဲဝင်သွားမယ်” လို့ဗန်ကပြောခဲ့ပါတယ် ။

Public Service Announcement
မြန်မာပြည်သူတွေရဲ့အဲဒီရုန်းကန် ကြိုးစားမှုမှာသူဟာ ဥပမာတစ်ခုလို့ သတ်မှတ်နိုင်ပြီး သူ့အနေနဲ့ ရှုံးခဲ့တဲ့တိုင် ပြန်ရုန်းထပြီး ရှေ့ဆက်ခဲ့ကြောင်းလည်း ဗန်ကဆက်ပြောခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းယူမှု မခံရခင်ထိ မြန်မာဟာ အားကောင်းပြီးလွတ်လပ်တဲ့နိုင်ငံတစ်ခုအဖြစ် ရပ်
တည်ခဲ့တယ် ဆိုတာကို လူတွေသိစေချင်ကြောင်း လည်းသူကပြောခဲ့ပါတယ်။
စင်ကာပူအခြေစိုက် Straits Times သတင်းစာက ဟူစတန်မှာ ရှိနေတဲ့ ဗန်ကို ဆက်သွယ်ပြီး အင်
တာဗျူးခဲ့တဲ့အခါ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကမ္ဘာကြီးကို ဘာတွေ သိမြင်စေချင်သလဲဆိုပြီး မေးတဲ့အခါ သူကပြန်ဖြေခဲ့တာဖြစ်ပါတယ်။
ဗန်ဟာ ချင်းပြည်နယ်၊ ဟားခါးမြို့မှာ မွေးဖွားခဲ့ပြီး သူ့အသက် ၉ နှစ်အရွယ်မှာတော့ မိသားစုနဲ့အတူ မလေးရှားကိုရွှေ့ပြောင်းထွက်ခွာခဲ့ပါတယ်။ နောက်ထပ်၂ နှစ်အကြာမှာသူဟာအမေရိကန်နိုင်
ငံ၊ တက္ကဆက်စ် ပြည်နယ်ထဲက ဟူစတန်မြို့ဆီ ပြောင်းရွှေ့အခြေချခဲ့ပါတယ်။ဗန်ဟာသူ့ဘဝ အ
သက်မွေး လမ်းကြောင်းအဖြစ် ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေး အားကစား (MMA)ကို ရွေးချယ်ပြီး ၂၀၂၀ ပြည့်နှစ်မှာ အပျော်တမ်းအဆင့် ပြိုင်ပွဲတွေ စပြီးယှဉ်ပြိုင်ခဲ့ပါတယ်။
ဒီအင်တာဗျူးဖြေပြီး ခြောက်လခန့်အကြာမှာတော့ဗန်ဟာ UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်စိန်ခေါ်ပွဲမှာလက်ရှိချန်ပီယံ ဘရာဇီးဖိုက်တာပန်တိုဂျာကို မြန်မာအချိန် ဒီဇင်ဘာ ၇ ရက်မှာ စိန်ခေါ်ထိုးသတ်တာမှာ ပထမအချီ၂၆ စက္ကန့် မှာပဲ ပန်တိုဂျာလက်မှာဒဏ်ရာအပြင်းအထန်ရပြီး ဒိုင်ပွဲရပ်နဲ့ အနိုင်ရပြီး ဗန်က ချန်ပီယံသစ်ဖြစ်လာခဲ့ပါတယ်။ UFC မှာချန်ပီယံခါးပါတ်ရပထမဆုံးအရှေ့တောင်အာရှဖွားဖိုက်တာဖြစ်သလိုအသက်၂၄ နှစ်နဲ့ ချန်ပီယံခါးပါတ်ရခဲ့တာကြောင့် UFC ပြိုင်ပွဲမှာ ဒုတိယအသက်အငယ်ဆုံးချန်ပီယံဖြစ်လာပါတယ်။
သူ့ရဲ မွေးဇာတိဖြစ်တဲ့ မြန်မာနိုင်ငံ အကြောင်းကို မေးတဲ့ အင်တာဗျူး တစ်ခုမှာ UFC အကျော်
အမော် ဂျိုရှူအာဗန်က သူဟာ ပြည်တွင်းမှာ ကျန်နေတဲ့ ဆွေမျိုးသားချင်းတွေကနေတဆင့် မွေးရပ်မြေရဲ့ သတင်းတွေကို အမြဲတမ်း နားစွင့်နေတယ်လို့ ပြောခဲ့ဖူးပါတယ်။
ဒါဟာ သိုင်းပေါင်းစုံပြိုင်ပွဲမှာ ကမ္ဘာပေါ်မှာ နာမည်အကျော်ကြားဆုံးUFC မှာ မြန်မာဖိုက်တာတစ်ဦးအနေနဲ့ပထမဆုံးချန်ပီယံဖြစ်လာတာပါ။
ဂျိုရှုအာဗန်က UFC ပြိုင်ပွဲမှာ ၁၀ ပွဲ ယှဉ်ပြိုင်ထိုးသတ်ထားပြီး ၉ ပွဲအထိ အနိုင်ရခဲ့ကာ တစ်ပွဲသာ ရှုံးနိမ့်ထားပါတယ်။
အောင်နိုင်မှုဟာ သူ့ကို မိုးပေါ်ရောက်နေသလို ခံစားရစေမှာဖြစ်ပြီး မြန်မာနိင်ငံအကြောင်း လူတိုင်းသိအောင် စွမ်းဆောင်ပြခွင့် ရမယ်ဆိုရင် သူ့အတွက် အရမ်းထူးကဲမှာဖြစ်ကြောင်းလည်း ဗန်က ဖွင့်ဟခဲ့ပါတယ်။
ကိုးကား-Straits Times -UFC fighter Joshua Van hopes his success will put spotlight on Myanmar crisis
















































