Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုက်ပွဲအတွင်း စစ်တပ်ထံက ခဲယမ်းတွေသိမ်းရတယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ ပြော

စစ်ကိုင်းမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက ခဲယမ်းတွေသိမ်းရတယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ -UGF တာဝန်ရှိသူက ပြောပါတယ်။

Screenshot

ဒီဇင်ဘာ-၁၅၊၂၀၂၅၊မိုမို/People’s Spring

စစ်ကိုင်းမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက ခဲယမ်းတွေသိမ်းရတယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ -UGF တာဝန်ရှိသူက ပြောပါတယ်။

အခုဒီဇင်ဘာ ၁၀ ရက်က မင်းကွန်းဒေသကနေ အင်အား ၁၀၀ကျော်နဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ချောင်းမကြီးရွာအနီးမှာ တိုက်ခိုက်ခဲ့တာလို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။

၆၀ မမ ဗုံးသီးငါးလုံး၊RPG သုံးလုံး၊အီနာဂါနဲ့ MA ကျည်ဘောက်သုံးခု၊MA 2 ကျည်ဘောက်တစ်ခုနဲ့ ကျည်အချို့သိမ်းရခဲ့တယ်လို့ အသိ​ပေးပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က ဗိုလ်ကြီးအဆင့်ရှိသူနဲ့ တပ်သားသေဆုံးမှုများတယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။စစ်ကောင်စီတပ်သားတွေ သေဆုံးတာနဲ့ပတ်သက်လို့ လူထုနွေဦးက သီးခြားအတည်ပြုမရသေးပါဘူး။

စစ်ကိုင်းတိုက်ပွဲအတွင်း စစ်တပ်ထံက ခဲယမ်းတွေသိမ်းရတယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ ပြော ဒီဇင်ဘာ-၁၅၊၂၀၂၅၊မိုမို/People'…

Posted by People's Spring on Monday 15 December 2025

“စဉ့်ကိုင်း(စစ်ကိုင်းမြို့နယ်မြောက်ဘက်အစွန်း)ကို ရောက်သွားပြီ”လို့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ပတ်သက်လို့ UGF တာဝန်ရှိိသူက လူထုနွေဦးကို ပြောပါတယ်။

စဉ့်ကိုင်းမြို့နယ်၊ စဉ့်ကိုင်းရွာအတိုင်း စစ်ကြောင်းဆက်ထိုးပါက ဝက်လက်မြို့နယ်အတွင်း ရောက်နိုင်ပြီး ကျေးရွာရဲ့အရှေ့ခြမ်းမှာ ဧရာဝတီမြစ်ခြားပြီး မန္တလေးတိုင်း၊စဥ့်ကူးမြို့နယ်ရှိပါတယ်။

“တပ်အပ်တော့ပြောမရသေးပေမယ့် စစ်ကြောင်း ထပ်ရွှေ့မယ်ဆိုရင် ဝက်လက်နယ် ထက် စဥ့်ကူးကိုသွားဖို့များတယ်”လို့ စစ်ကိုင်းတိုင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အခုလဆန်းပိုင်းကစလို့ စစ်ကောင်စီတပ်ဟာ မတ္တရာမြို့နယ်ကနေ စဉ့်ကူးမြို့နယ်ဘက်ကို ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်က စဉ့်ကူးမြို့နယ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပေမယ့် အခုရက်ပိုင်းအတွင်း ထိန်းချုပ်ဒေသအချို့ကို စွန့်လွှတ်ထားရပါတယ်။

ဆက်စပ်သတင်းများ