Connect with us

Hi, what are you looking for?

သတင်း

တရုတ်ဝန်ကြီး KK Park နဲ့ ရွှေကုက္ကိုလ် ဆီသွားရောက်ကြည့်ရှု

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ထဲက အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)တွေ ကို အမြစ်ဖြတ်ရှင်းလင်းဖို့ဆိုပြီး မြန်မာ၊ တရုတ်၊ ထိုင်း သုံးပွင့်ဆိုင်အဖွဲ့ဟာ ဟာ မနေ့ (ဒီဇင်ဘာ ၁၅ ရက်) က မြ၀တီမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ – ၁၆ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ထဲက အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)တွေ ကို အမြစ်ဖြတ်ရှင်းလင်းဖို့ဆိုပြီး မြန်မာ၊ တရုတ်၊ ထိုင်း သုံးပွင့်ဆိုင်အဖွဲ့ဟာ ဟာ မနေ့ (ဒီဇင်ဘာ ၁၅ ရက်) က မြ၀တီမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

ကျားဖြန့် ကင်းစင်ပပျောက်ဖို့ အပါအဝင် အွန်လိုင်းလိမ်လည်မှုနဲ့ ဆက်စပ်ပတ်သက်သူတွေကို သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်လည်လွှဲပြောင်းရာမှာ အဆင်ပြေစေဖို့ဆိုပြီး ပူးပေါင်းဆောင်ရွက်ရမယ့်ကိစ္စတွေကိုဆွေးနွေးခဲ့တာလို့ စစ်ကောင်စီက ဆိုပါတယ်။

မနေ့ မနက်ပိုင်းမှာတော့ တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီး ဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာလျိုကျုံးရိလည်း ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ကို ရောက်ရှိလာခဲ့တာပါ။

Public Service Announcement

Public Service Announcement

အဲဒီနောက် တရုတ်ဝန်ကြီးပါဝင်တဲ့ တရုတ်၊ မြန်မာ၊ ထိုင်းအဖွဲ့ဟာ မြ၀တီမြို့နယ်ထဲက ကျားဖြန့်လုပ်ငန်းတွေမင်းမူခဲ့တဲ့ KK Park နယ်မြေထဲကို သွား ရောက်ပြီး လုပ်ငန်းလည်ပတ်ခဲ့ရာ အဆောက်အဦးတွေ ဖြိုချဖျက်ဆီးထားတာ တွေကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

KK Park က တဆင့် နောက်ထပ် ကျားဖြန့် လုပ်ငန်းတွေရှိရာ စစ်တပ်လက်အောက်ခံကရင့်နယ်ခြားစောင့်တပ် (BGF)ထိန်းချုပ်ဧရိယာရွှေကုက္ကိုနယ်မြေဆီဆက်လက်သွားရောက်ပြီးကျားဖြန့်လုပ်ငန်းလည်ပတ်ခဲ့တဲ့ အဆောက် အဦးတွေကို လှည့်လည်ကြည့်ရှုခဲ့တယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒါအပြင်မြ၀တီမြို့ပေါ်က BGF လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေး ကွပ်ကဲရေးရုံးမှာ ထိန်းသိမ်းထားတဲ့ ကျားဖြန့်လုပ်သား တရုတ်နိုင်ငံသားတွေကို စစ်ဆေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – The Reporters

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိမ် ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိကြောင်း စွပ်စွဲချက်တွေကြောင့် ယူကရိန်း အစိုးရ ရှေ့နေချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဆောင်းပါး

ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပါအဝင် စစ်တပ်ထိန်းချုပ်ရာ ဒေ​​သတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ ၎င်းလက်အောက်ခံ ပျူစောထီးတွေရဲ့ စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့အချိန် မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ Tiktok မှာ ဗိုလ်မှူးအကောင့်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ အကောင့်နာမည်တွေကတော့ ဗိုလ်မှူးသန့်ဇင်အောင်တဲ့။ သူရခန့်ပြည့်စုံတဲ့။ဗိုလ်မှူးကြီးထွန်းထွန်းနိုင်တဲ့။ ဗိုလ်မှူး ATH...

နိုင်ငံတကာ

တစ်နှစ်အတွင်း ဆိုက်ဘာ ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းပေါင်း ၇၀၀ ကျော်ကို ဖြိုခွင်း ရှင်းလင်းနိုင်ခဲ့တယ်လို့ ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။