Connect with us

Hi, what are you looking for?

သတင်း

စစ်တပ် အဓမ္မစုဆောင်းထားတဲ့ တပ်သားသစ် ၅ဦး KNUထံ အလင်းဝင်

စစ်ကောင်စီတပ်က အတင်းအဓမ္မစစ်မှုထမ်း စေခိုင်းခံရတဲ့ တပ်သား(၅)ဦး အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)က ဒီဇင်ဘာ ၁၆ရက်မှာ ထုတ်ပြန်ပါတယ်။

KNUထံ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၅ဦး။ ဓာတ်ပုံ - KNU

ဒီဇင်ဘာ-၁၇၊ ၂၀၂၅။ ဆန်အောင်/People’s Spring

စစ်ကောင်စီတပ်က အတင်းအဓမ္မစစ်မှုထမ်း စေခိုင်းခံရတဲ့ တပ်သား(၅)ဦး အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)က ဒီဇင်ဘာ ၁၆ရက်မှာ ထုတ်ပြန်ပါတယ်။

ခလရ(၃၀)တပ်ရင်းနဲ့ ခမရ(၄၃၉)တပ်ရင်းက တပ်သား ၅ဦးဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် မူးမြို့နယ်အတွင်းရှိ KNLAတပ်ရင်း(၈)ထံ အလင်းဝင်လာတာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အလင်းဝင်လာတဲ့ နေ့ရက်နဲ့ လက်နက်တွေ ပါမပါ ဖော်ပြမထားပေမယ့် အလင်းဝင်လာသူတွေရဲ့ ဓာတ်ပုံတွေ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

အရင်ကလည်း KNU တပ်ဖွဲ့ဆီကို စစ်ကောင်စီတပ်သားတွေ လက်နက်နဲ့သော်လည်းကောင်း၊ လက်နက်မဲ့ သော်လည်းကောင်း အလင်းဝင်ရောက်မှုတွေ မကြာခဏ ရှိခဲ့ပါတယ်။

အလင်းဝင်လာသူ ၅ဦးဟာ အာဏာသိမ်းစစ်တပ်က အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရ သူတွေဖြစ်ကြောင်းဖော်ပြပြီး KNU စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက် ထားဟု အသိပေးပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်တပ်အတွင်းမှာ ဆန္ဒမပါပဲအတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရတဲ့ တပ်သားတွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေဆီကို လက်နက်ချအလင်း၀င်လာကြဖို့လည်း KNUက ထပ်မံ တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ