Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုတွေ စစ်ကိုင်းနဲ့ တနင်္သါရီမှာ ပြုလုပ်

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဒီဇင်ဘာ ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ စစ်ကိုင်းသပိတ်အင်အားစု၊ GSCB၊ DDMSC ၊ဘုတလင်မြို့နယ်သပိတ်အင်အားစု

ဒီဇင်ဘာ-၂၁၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဒီဇင်ဘာ ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းကလေးမြို့နယ်မှာ လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဇိုမီးဖက်ဒရယ်အစည်းအရုံး-ZFU နဲ့အတူပူးပေါင်းကာ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ကြောင်း ဖော်ဆောင်တဲ့ ဆိုင်းဘုတ်(ပိုစတာ) တွေကို ကလေး-တီးတိန်-ရိဒ် (မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလမ်း) လမ်းတလျှောက်မှာ လိုက်လံစိုက်ထူခဲ့ကြပါတယ်။

အလားတူဘုတလင်မြို့အနီးနဲ့ မုံရွာ-ဘုတလင်ကားလမ်းမပေါ်တွေမှာ တရားမဝင်အတုယောင်ရွေးကောက်ပွဲဆန့်ကျင်ကြောင်း Billboard တွေကို ဘုတလင်မြို့နယ် သပိတ်အင်အားစုနဲ့ ဒေါင်းရာဇာပင်မ သပိတ်စစ်ကြောင်း တို့ ပူးပေါင်းပြီး သွားရောက်စိုက်ထူခဲ့ပါတယ်။စစ်ကိုင်းတိုင်းထဲက မုံရွာ၊ ရွှေဘိုနဲ့ မြောင်မြို့နယ်တွေမှာ စစ်ကောင်စီ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ ဘေဘုတ်တွေ ဆက်တိုက်စိုက်ထူနေပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည်ဒေါင်းသွေးနီ၊ တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန်၊ နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းတို့က စစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း “သင့်မဲဖြင့်တရားဝင် လူသတ်ခွင့် မပေးနဲ့ ” စာသားကိုင်ဆောင်ကာ ချီတက်ဆန္ဒပြခဲ့ပါတယ်။

တနင်္သါရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့မြို့တော်ခန်းမအနီးမှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီကနေ ဦးဆောင်ပြီး “အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး” လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ လှုပ်ရှားမှုမှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးကြွေးကြော်သံတွေ ကြွေးကြော်ပြီး စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေ ဖြန့်ကြဲခဲ့ပါတယ်။

ဒါ့အပြင် လောင်းလုံးမြို့အဝင်မှာလည်း “ဖက်ဆစ်ရွေးကောက်ပွဲကို သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” စာတန်းပါ ဘန်နာချိတ်ဆွဲခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ဂျပန်အစိုးရအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ကို အသိအမှတ်ပြုပြီး ထောက်ခံအားပေးဖို့ ဒီကနေ့ (ဧပြီ ၁၆)မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံးလွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ်နဲ့ လွတ်မြောက်နယ်မြေက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ Blue Shirt ကမ်ပိန်းနဲ့ တော်လှန်သံချပ် လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။