Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်​ရွေး​ကောက်ပွဲလ ဗုံးကြဲသတ်ဖြတ်မှုများ

အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲပထမပိုင်းပြုလုပ်မယ်လို့ ကြေညာထားတဲ့ ဒီဇင်ဘာလအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်မှုတွေဟာ အရှိန်မလျော့ဘဲ ဆက်တိုက်ကျူးလွန်​နေပါတယ်။ဒီဇင်ဘာ ၁ ရက်ကနေ ဒီဇင်ဘာ ၂၁ ရက်အတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု​တွေကြောင့် အနည်းဆုံး ပြည်သူ ၁၃၆ ဦးသေဆုံးခဲ့ပြီး အနည်းဆုံး ၁၈၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

■စစ်တပ်ဗုံးကြဲလို့ ဒီဇင်ဘာလ သုံးပါတ်အတွင်းမှာပဲပြည်သူ ၁၃၆ ဦး​သေဆုံး၊၁၈၂ဦးဒဏ်ရာရ

နေ့သစ်/People’s Spring

အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲပထမပိုင်းပြုလုပ်မယ်လို့ ကြေညာထားတဲ့ ဒီဇင်ဘာလအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်မှုတွေဟာ အရှိန်မလျော့ဘဲ ဆက်တိုက်ကျူးလွန်​နေပါတယ်။ဒီဇင်ဘာ ၁ ရက်ကနေ ဒီဇင်ဘာ ၂၁ ရက်အတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု​တွေကြောင့် အနည်းဆုံး ပြည်သူ ၁၃၆ ဦးသေဆုံးခဲ့ပြီး အနည်းဆုံး ၁၈၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ဒါ​ကြောင့် ဒီဇင်ဘာလမှာ အကြမ်းဖျင်းပျမ်းမျှတွက်ချက်ရင် စစ်တပ်က တစ်ရက်ကို ပြည်သူ၆ ဦး​ကျော် သေဆုံးပြီး ၉ ဦး​ကျော် ဒ​ဏ်ရာရ​အောင် ဗုံးကြဲ​အကြမ်းဖက်နေတာဖြစ်ပါတယ်။ဒီစာရင်းမှာ အချက်အလက်မရ​သေးတာ​ကြောင့် မပါဝင်​သေးတဲ့ ဗုံးကြဲသတ်ဖြတ်မှု​တွေကျန်ရှိနိုင်ပါ​သေးတယ်။

ဒီဇင်ဘာလအတွင်း စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကို ကြည့်ရင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတွေ ပါဝင်ပါတယ်။ အကြိမ်အရေအတွက်အများဆုံးက စစ်ကိုင်းတိုင်းဖြစ်ပြီး အစုလိုက်အပြုံလိုက် သေဆုံးမှုအများဆုံးကတော့ ရခိုင်ပြည်နယ် ဖြစ်တာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ရဲ့​လေ​ကြောင်းတိုက်ခိုက်မှု​တွေမှာ တိုက်​လေယာဥ်​တွေ ၊ A-5 , Y-12 ​စတဲ့ လေယာဥ်​တွေကဗုံးကြဲတာ ၊စက်တပ်​လေထီး ၊ Gyrocopter ၊ဒရုန်း ​​တွေက​နေ ဗုံးကြဲတိုက်ခိုက်မှု​တွေအကုန်ပါဝင်ပါတယ် ။စစ်တပ်က ဒီဇင်ဘာလမှာ​ရွေး​ကောက်ပွဲလုပ်မယ့်​ကြေညာပြီး ​လက်​တွေ့​မြေပြင်မှာ နေ့စဥ်ရက်ဆက်ဗုံးကြဲတိုက်ခိုက်တာ​တွေများလွန်းတာ​ကြောင့်လူထိခိုက်​သေဆုံးမှု သတင်းမရတဲ့ ​လေ​ကြောင်းတိုက်ခိုက်မှု​တွေကို​တော့ စာရင်းကချန်လှပ်ထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဆေးရုံ​တွေကိုပါ မချန် ဗုံးကြဲတိုက်ခိုက်ခဲ့သလို လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲ သံဃာတော်၊ လသားအရွယ်ကလေးငယ်၊အမျိုးသမီး၊CDM ဆရာဝန်၊ စစ်ရှောင်သက်ကြီးရွယ်အိုတွေအထိပါဝင်ခဲ့ပါတယ်။

●ဒီဇင်ဘာ ၁ရက်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ပြည်သူ ၅ဦး သေဆုံး

●ဒီဇင်ဘာ ၂ရက်

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်မှာ ပြည်သူ ၁ဦးသေဆုံး၊ ၄ဦးထိခိုက်

●ဒီဇင်ဘာ ၄ရက်

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ ပြည်သူ ၅ဦးသေဆုံး၊ ၈ဦးထိခိုက်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ပြည်သူ ၂ဦးသေဆုံး၊ ၂ဦးထိခိုက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ပြည်သူ ၁ဦးသေဆုံး၊ ၄ဦးထိခိုက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ပြည်သူ ၂ဦးသေဆုံး

●ဒီဇင်ဘာ ၅ရက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပြည်သူ ၃ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ပြည်သူ ၁၉ဦးသေဆုံး၊ ၄၀ကျော်ထိခိုက်

●ဒီဇင်ဘာ ၆ရက်

ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်မှာ ပြည်သူ ၁၁ဦးသေဆုံး

●ဒီဇင်ဘာ ၇ရက်

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ပြည်သူ ၁ဦးသေဆုံး၊ ၅ဦးထိခိုက်

●ဒီဇင်ဘာ ၈ရက်

ကချင်ပြည်နယ်၊ ဖားကန့်မှာ ပြည်သူ ၃ဦး​သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ ပြည်သူ ၁ဦးသေဆုံး၊ ၂ဦးထိခိုက်

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ ပြည်သူ ၁ဦးသေဆုံး၊ ၂ဦးထိခိုက်

●ဒီဇင်ဘာ ၉ရက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ပြည်သူ ၂ဦးထိခိုက်

(ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အနီးနဲ့ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဆဒုံးမြို့တို့ကို လေကြောင်းတိုက်ခိုက်)

●ဒီဇင်ဘာ ၁၀ရက်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပြည်သူ့ဆေးရုံ ပြည်သူ ၃၄ဦးသေဆုံး၊ ၇၅ဦးထိခိုက်

●ဒီဇင်ဘာ ၁၁ရက်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာ ပြည်သူ ၁ဦးသေဆုံး၊ ၅ဦးထိခိုက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ ပြည်သူ ၈ဦးသေဆုံး၊ ၁၀ဦးခန့်ထိခိုက်

(ရခိုင်ပြည်နယ်၊ ဂွမြို့ကို လေကြောင်းတိုက်ခိုက်)

●ဒီဇင်ဘာ ၁၂ရက်

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ ပြည်သူ ၁ဦးသေဆုံး၊ ၂ဦးထိခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ပြည်သူ ၂ဦးသေဆုံး၊ ၁ဦးထိခိုက်

(ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို လေကြောင်းတိုက်ခိုက်)

●ဒီဇင်ဘာ ၁၃ရက်

(စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ကို လေကြောင်းတိုက်ခိုက်)

●ဒီဇင်ဘာ ၁၄ရက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ပြည်သူ ၁ဦးသေဆုံး

●ဒီဇင်ဘာ ၁၅ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ကနီမြို့နယ်မှာ ၇ဦးသေဆုံး

●ဒီဇင်ဘာ ၁၆ရက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပြည်သူ ၄ဦးသေဆုံး

●ဒီဇင်ဘာ ၁၇ရက်

မန္တလေးတိုင်း သပိတ်ကျင်းနဲ့ စစ်ကိုင်းတိုင်း ခင်ဦးနယ်အစပ်မှာ ပြည်သူ ၇ဦးခန့်သေဆုံး၊ ၁၅ဦးခန့်ထိခိုက်

ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်မှာ ပြည်သူ ၂ဦးသေဆုံး

●ဒီဇင်ဘာ ၁၈ရက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ပြည်သူ ၆ဦးထက်မနည်းသေဆုံး၊

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ပြည်သူ ၄ဦးသေဆုံး၊

●ဒီဇင်ဘာ ၁၉ရက်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ပြည်သူ ၃ဦး ထိခိုက်

●ဒီဇင်ဘာ ၂၁ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ပြည်သူ ၁ဦးသေဆုံး၊ ၂ဦးထိခိုက်

(မှတ်ချက် -သတင်းမရလို့ ကျန်ရှိ​နေ​သေးတဲ့ဖြစ်ရပ်​တွေရှိနိုင်​ပါသေးတယ် ။ပြည်သူ​တွေအ​နေနဲ့ အချက်အလက်​တွေ ပို့​ပေးနိုင်ပါတယ်)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ပင်ကျေးရွာက ရေတွင်းမှာ ဒေသခံပြည်သူတွေရေချိုးနေချိန် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ ကလေးတစ်ဦးသေဆုံးကာ ခုနစ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

ဒီပဲယင်းမြို့နယ်က စစ်ဘေးရှောင်တွေခိုလှုံနေတဲ့စာသင် ကျောင်းကို ဒီကနေ့ ယညမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းမှဗုံးကြဲလို့ ထိခိုက်မှုတွေရှိတယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က သံတွဲမြို့ပေါ်ကိုယမန်နေ့ညမှာ ဗုံးကြဲခဲ့မှု​ကြောင့် နှစ်ပေါင်းရာချီသက်တမ်းရှိတဲ့ ရှေးဟောင်းနေအိမ်တချို့ပျက်စီးဆုံးရှုံးခဲ့ပြီး လူသုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအချို့က​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကသာမြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲကတွေက တိုက်ခိုက်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေရာ မြို့ခံအများစုမှာ မြို့ကနေ တိမ်းရှောင်သွားကြောင်း ကသာမြို့ခံတဦးက ပြောပါတယ်။