Connect with us

Hi, what are you looking for?

သတင်း

မြစ်ဆုံစီမံကိန်းနဲ့ စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း စစ်ကိုင်းနဲ့ ကချင်မှာ ဆန္ဒပြ

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ မြစ်ဆုံစီမံကိန်းနဲ့ စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (ဒီဇင်ဘာ ၂၄) မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ စစ်ကိုင်းသပိတ်အင်အားစု၊ ဖားကန့်ပင်မသပိတ်

ဒီဇင်ဘာ-၂၄၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ မြစ်ဆုံစီမံကိန်းနဲ့ စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (ဒီဇင်ဘာ ၂၄) မှာ ပြုလုပ်ခဲ့ပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ မှော်လှည့်သပိတ်နဲ့ လုံးခင်းသပိတ်အင်အားစုက စစ်အုပ်စု အတင်းဖော်ဆောင်ဖို့ကြံနေတဲ့ မြစ်ဆုံဆည် ရေအားလျှပ်စစ်စီမံကိန်း ကန့်ကွက်ခြင်း၊ နိုင်ငံတဝန်း ပြည်သူတရပ်လုံးက ကန့်ကွက်ကြဖို့ နှိုးဆော်ခြင်း၊ စစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။

ဒါ့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်လာစေဖို့ နှိုးဆော်ခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ စစ်ကောင်စီက ပြုလုပ်မယ့် ဟန်ပြရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” စာသားနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်းက ဦးဆောင်ကာ ညနေခင်း သပိတ်အဖြစ် စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မဲမသမာမှု၊ မဲခိုးမှုတွေကြောင့်သာ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုဟာ အစ္စရေး ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်မရခဲ့တာ ဖြစ်တယ်လို့ သူ့ရဲ့ ပါတီက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ကနဦး မဲရေတွက်မှု ရလဒ်တွေအရ အစ္စရေး ရွေးကောက်ပွဲဟာ ကြိုတင် မျှော်လင့်ထားတဲ့အတိုင်း တိတိကျကျ အဖြေမပေါ်ဘဲ ကျဉ်းထဲကျပ်ထဲ အခြေအနေမျိုး ကြုံလာမယ့် ရလဒ်ဆီ ဦးတည်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆာဘီးယားမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်တွေအရ ကျောင်းသားတွေ ဦးဆောင်တဲ့ လှုပ်ရှားမှုကို အရေးနိမ့်သွားကြောင်း ဆာဘီးယား အစိုးရရဲ့ ခေါင်းဆောင် အလက်ဇန္ဒား ဗူချစ်က ဝန်ခံခဲ့ပါတယ်။

နိုင်ငံတကာ

အောက်တိုဘာ ၂၇ ရက်နေ့မှာ ကျင်းပမယ့် အစ္စရေး ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက အာဏာလက်လွတ် ဆုံးရှုံးသွားနိုင်တယ်လို့ ထင်ကြေးတွေ ထွက်ပေါ်နေပေမယ့် အတိုက်အခံတွေ ဖက်မှာလည်း အစိုးရ ဖွဲ့နိုင်လောက်အောင် ရှင်းလင်းတဲ့ အင်အားစုမျိုး မတွေ့ရသေးပါဘူး။ ရွေးကောက်ပွဲ နီးကပ်လာခဲ့တဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း...

Facebook