ဒီဇင်ဘာ-၂၄၊၂၀၂၅။နေ့သစ်/People’s Spring
ကချင်းပြည်နယ် ၊ဖားကန့်မြို့မှာ ၊ဖားကန့်မှော်လှည့်သပိတ်နဲ့ ဖားကန့်သပိတ်အင်အားစုတွေပူးပေါင်းပြီးတော့ ဒီနေ့မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်နဲ့ တရုတ်အစိုးရတို့လုပ်မယ့်ဧရာဝတီမြစ်ဆုံစီမံကိန်းကိုကန့်ကွက်ကြောင်းဆန္ဒပြကြပါတယ် ။
“ ကျွန်ုပ်တို့၏ မြစ် ၊ကျွန်ုပ်တို့၏ အနာဂတ် ၊သင့်စီမံကိန်းမဟုတ်ပါ -Our river, our future.Not your project” လို့ရေးထားတဲ့နဖူးစီး စာတမ်းကိုင်စွဲရင်း ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်တနေရာမှာ လမ်းလျှောက်ဆန္ဒပြခဲ့ကြတာပါ။
ဒါအပြင် “ ဧရာဝတီကိုကာကွယ်ကြ” ၊” ဧရာဝတီသည်ငါတို့ရဲ့ နှလုံးသွေးစက်” ၊ “ မြစ်ဆုံကိုကယ်တင်ပါ အာဏာရှင်စနစ်စီမံကိန်းများရပ်တန့်ပါ ” ၊ ပြည်သူ့ဆန္ဒကိုနားထောင် မြစ်ဆုံစီမံကိန်းဖျက်သိမ်း” ၊ “ No Dam” ၊ “ SYOP MYITSONE DAM FOREVER” ၊ စတဲ့စာတမ်းတွေကိုပါကိုင်ဆောင်ဆန္ဒပြခဲ့ကြတာပါ။

Public Service Announcement
အာဏာသိမ်းစစ်တပ်က မြစ်ဆုံစီမံကိန်းပြန်စဖို့ထုတ်ပြောလာပြီး ၊စစ်တပ်စီမံကိန်းတွေကို ကန့်ကွက်ရင် အရေးယူမယ်လို့ ဒီဇင်ဘာလ တတိယပါတ်မှာ အမိန့်စာထုတ်ခြိမ်းခြောက်ထားပါတယ်။အဲဒီလိုစစ်အုပ်စုက ခြိမ်းခြောက်ပြီး ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆန္ဒပြကန့်ကွက်တာ အခုဆန္ဒပြပွဲကပထမဆုံးဖြစ်ပါတယ် ။
ဒါအပြင်မြစ်ဆုံဆည် စီမံကိန်း ရပ်တန့်အောင် တနိုင်ငံလုံးမှပြည်သူတွေကလည်း ဝိုင်းဝန်းကန့်ကွက်ပေးကြဖို့လည်းဆန္ဒပြပွဲက တိုက်တွန်းနှိုးဆော်ခဲ့ကြပါတယ်။
ကချင်ပြည်နယ်မှာ ဒေသအများစုကိုထိန်းချုပ်ထားနိုင်သလို ၊နွေဦးတော်လှန်ရေးမှာ ဦးဆောင်ပါဝင်နေတဲ့ KIO/KIA ကပြောရေးဆိုခွင့်ရှိသူက စစ်အုပ်စုကမြစ်ဆုံစီမံကိန်းပြန်စမယ်ပြောကြားမှုတွေအပေါ် ပြည်သူလူထုရဲ့ဆန္ဒကသာအဓိကဖြစ်တယ်လို့ မီဒီယာတွေကိုပြောကြားထားပါတယ်။
ဖားကန့်မှောလှည့်သပိတ်နဲ့ ဒေသခံပြည်သူတွေက မြစ်ဆုံစီမံကိန်းကိုရပ်ဆိုင်းဖို့ ဆန္ဒပြခဲ့ကြတဲ့အပြင် စစ်တပ်ရွေးကောက်ပွဲကိုလည်း ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ် ။ဖားကန့်ပြည်သူတွေက “ခွေးတွေလုပ်တဲ့ ရွေးကောက်ပွဲ တို့ပြည်သူတွေက မဲပေးစရာလား “ ၊“ သင့်မဲဖြင့်တရားဝင် လူသတ်ခွင့်မပေးနဲ့ “ “NO VOTE” ၊” SHAM ELECTION”စတဲ့စာတမ်းတွေနဲ့ကြွေးကြော်သံတွေကြွေးကြော်ခဲ့ပါတယ်။
ဆက်လက်ပြီးတော့တနိုင်ငံ လုံးရှိပြည်သူတွေက စစ်တပ်ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်ခြင်းမရှိပဲ မဲမပေးကြဖို့ သပိတ်အဖွဲ့နဲ့ဖားကန့်ကပြည်သူတွေကတိုက်တွန်းခဲ့ကြပါတယ်။
ဓါတ်ပုံ-ဖားကန့်မှော်လှည့်သပိတ်၊ CJ




























































