Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံ – နွားထိုးကြီး လမ်းပိုင်းကိုအသုံးမပြုကြဖို့ PDF အသိပေး

မန္တလေးတိုင်း ၊မြင်းခြံခရိုင်အတွင်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေတာကြောင့် အများပြည်သူ ထိခိုက်မှု မရှိစေဖို့အတွက် မြင်းခြံ – နွားထိုးကြီး လမ်းပိုင်းကိုသွားလာတာမပြုလုပ်ဖို့ NUG အစိုးရ လက်အောက်ခံ မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း က ဒီဇင်ဘာလ ၂၃ ရက်မှာထုတ်ပြန်အသိပေးပါတယ်။

ဒီဇင်ဘာ – ၂၅ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ၊မြင်းခြံခရိုင်အတွင်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေတာကြောင့် အများပြည်သူ ထိခိုက်မှု မရှိစေဖို့အတွက် မြင်းခြံ – နွားထိုးကြီး လမ်းပိုင်းကိုသွားလာတာမပြုလုပ်ဖို့ NUG အစိုးရ လက်အောက်ခံ မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း က ဒီဇင်ဘာလ ၂၃ ရက်မှာထုတ်ပြန်အသိပေးပါတယ်။

မြင်းခြံခရိုင်ထဲမှာ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်ကစတင်ပြီး သုံးလနီးပါး ကြာတဲ့အထိ စစ်ကြောင်းထိုးနေပြီး ဒေသခံတော်လှန်ရေးတပ်တွေက ခုခံကာကွယ်နေတယ်လို့ မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်းကဆိုပါတယ်။

မြင်းခြံ – နွားထိုးကြီးကားလမ်းပိုင်းမှာဆိုရင် ယခုအပတ်အတွင်း သာယာကုန်း၊ ကံနောင်း၊ ကုန်းသာ၊ ကံရွာစတဲ့ကျေးရွာနဲ့ နွားထိုးကြီးမြို့ပေါ်အထိ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် တိုက်ပွဲဖြစ်ပွားနေတဲ့ လမ်းပိုင်းမှာ အရပ်သား ပြည်သူတွေ ထိခိုက်နစ်နာမှုမရှိစေဖို့အတွက် သွားလာတာမလုပ်ဖို့ မြင်းခြံခရိုင်အမှတ် (၄) တပ်ရင်းက အသိပေးလာတာပါ။

“ လုံးဝကိုမသွားသင့်သေးပါဘူး”လို့ နွားထိုးကြီးမြို့နယ်အတွင်းက တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ဒါအပြင် စစ်ကောင်စီတပ် နဲ့ နီးစပ်ရာနေရာတွေ ပြည်သူတွေ မနေထိုင်ကြဖို့လည်း အသိပေးထားပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးချိန်မှာ ကျေးရွာတွေကို မီးရှို့တာ ၊ဒေသခံတွေကိုဖမ်းဆီးတာတွေကြောင့် မြင်းခြံခရိုင်ထဲက မြင်းခြံမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်တွေ ရှိ ထောင်နဲ့ချီတဲ့ပြည်သူတွေ စစ်ရှောင်နေရပါတယ်။

ဧရာဝတီမြစ် အရှေ့ဘက်ကမ်းမှာတည်ရှိပြီး ဖိုခနောင့်သဖွယ် ဖွဲ့စည်းထားတဲ့ မန္တလေးတိုင်းထဲက နွားထိုးကြီး ၊မြင်းခြံနဲ့ တောင်သာမြို့နယ်တွေဟာအာဏာသိမ်းစစ်ကောင်စီတပ်ကိုလက်နက်စွဲကိုင်တော်လှန်မှုအားကောင်းရာဒေသဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုတွေဟာ အခုနှစ် မေလအတွင်း နွားထိုးကြီး ၊ မြင်းခြံ ၊တောင်သာ နဲ့ ငါန်းဇွန်မြို့နယ်တွေထဲက စစ်ကောင်စီတပ်စခန်းတွေကို အထူးစစ်ဆင်ရေးအဖြစ် တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ် အငိုက်မိပြီးအထိနာခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်က စစ်တပ်အထိုင်စခန်းနေရာတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ဦး သေဆုံးပြီး ဒရုန်း ၁စီး သိမ်းရခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးဖို့ ပြုလုပ်နေပြီး ဖျက်ဆီးသူတွေကို ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ မြင်းခြံခရိုင်အမှတ်(၄-၁၀)တပ်ရင်းမှူးက သတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။