Connect with us

Hi, what are you looking for?

သတင်း

မြောင်မြို့နယ် ကျောက်ရစ်ရဲကင်းစခန်း၌ စစ်ကောင်စီတပ်သားများ ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပြီး ဗိုလ်မှူးတစ်ဦး သေဆုံးဟုဆို

ရောဂါဖြစ်ပွားနေသည့် ကလေးငယ်ပမာဏများပြားနေသည်ဟု မြောင်လူငယ်ကွန်ရက် – YFCက ​ပြောကြားပြီး အရေအတွက်ကိုမူ ​​ဖြေကြားခြင်းမရှိသေးပေ။

မြောင်မြို့နယ် ကျောက်ရစ်ရဲကင်းစခန်း၌ စစ်ကောင်စီတပ်သားများ ဝမ်းပျက်၊ဝမ်းလျှောရောဂါဖြစ်ပြီး ဗိုလ်မှူးတစ်ဦး သေဆုံးဟုဆို
မြောင်မြို့နယ် ကျောက်ရစ်ရဲကင်းစခန်း၌ စစ်ကောင်စီတပ်သားများ ဝမ်းပျက်၊ဝမ်းလျှောရောဂါဖြစ်ပြီး ဗိုလ်မှူးတစ်ဦး သေဆုံးဟုဆို

ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ် ရဲကင်းစခန်းရှိ စစ်ကောင်စီတပ်သားများဝမ်းပျက်၊ဝမ်းလျှောရောဂါ ဖြစ်ပွားနေပြီး ဗိုလ်မှူးတစ်ဦးသေဆုံးကြောင်း မြောင်နယ်အခြေစိုက် Civilians Defense Security Organization Myaung အဖွဲ့မှ ကိုနွေဦး(မြောင်)က ပြောသည်။

နိုဝင်ဘာပထမပတ်အတွင်းကစတင် ဝမ်းပျက်၊ဝမ်းလျောရောဂါဖြစ်ပွားပြီး ဗိုလ်မှူးတစ်ဦးသေဆုံးကာ ရောဂါရသူများအား ရေစကြိုမြို့ဆေးရုံသို့ ပို့ဆောင်ကုသနေရကြောင်း CDSOM အဖွဲ့မှ ကိုနွေဦး(မြောင်)က ပြောသည်။

“ဝမ်းပျက်ဝမ်းလျှော​ကြောင့် ဗိုလ်မှူးတစ်ဦးသေတယ်။ ကျန်တဲ့ ရောဂါဖြစ်တာတွေတော့ များတယ်ပြောတယ်။ ဖြစ်တဲ့သူတွေကို ဟိုဘက်(ရေစကြိုဘက်)ပို့ပြီးတော့ ကောင်းတဲ့သူတွေနဲ့ လူပြန်ချိန်းလိုက်တယ်။”ဟု ကိုနွေဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကျော​က်ရစ်ရဲကင်းစခန်းမှ စစ်ကောင်စီတပ်သားများသည် စခန်းတွင်းမှ အပြင်ထွက်လေ့မရှိဘဲ ဘန်ကာနှင့် ကတုပ်ကျင်းများအတွင်း၌သာ နေထိုင်ကြောင်း၊ထို့အပြင် မြစ်ရေဝင်ခြင်းနှင့် မိုးအဆက််မပြတ် ရွာသွန်းမှုတို့ကြောင့် ရေဝပ်ခဲ့၍ ရေမသန့်ရာမှ ဝမ်းပျက်၊ ဝမ်းလျှောရောဂါများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က သုံးသပ်သည်။

ထို့အပြင် မြောင်မြို့နယ်အတွင်း ကျေးရွာ ၃ရွာရှိ အခြေခံပညာကျောင်းများတွင်လည်း ကလေးသူငယ်များနှင့် ဆရာ၊ ဆရာမများ တုပ်ကွေးမိဖျားနာခြင်းများ ဖြစ်ပွားနေ၍ ဆေးကုသမှုများ ပြုလုပ်ပေးနေရကြောင်း CDSOM အဖွဲ့မှ ကိုနွေဦး(မြောင်)က ပြောသည်။

“ဆရာ၊ ဆရာမတွေပါ ဖြစ်နေကြတယ်။ မနက်ဖြန်ကို နောက်တစ်ကျောင်းသွားရမယ်။ ချက်ချင်းလုပ်မပေးရင် ကျောင်းက ပိတ်ရမယ့်အနေအထားမျိုး ရောက်လာတဲ့အတွက်ကြောင့် မနက်ဖြန်ကို ကျန်းမာရေးအဖွဲ့နဲ့ ချက်ချင်းသွားပေးရမယ်။”ဟု ကိုနွေဦး(မြောင်)က ပြောသည်။

ရောဂါဖြစ်ပွားနေသည့် ကလေးငယ်ပမာဏများပြားနေသည်ဟု မြောင်လူငယ်ကွန်ရက် – YFCက ​ပြောကြားပြီး အရေအတွက်ကိုမူ ​​ဖြေကြားခြင်းမရှိသေးပေ။

အဆိုပါ ကလေးငယ်များအား ကုသပေးရန် ဆေးဝါးအကူအညီများလိုအပ်နေကြောင်း သိရသည်။

ကာလဝမ်းရောဂါသည် မသန့်ရှင်းသော အစားအစာ သို့မဟုတ် ရေကို စားသောက်ရာမှ ကူးစက်သည့် အလွန်ပြင်းထန်သော ရောဂါဖြစ်သည်။ ကာလဝမ်းရောဂါသည် ပြင်းထန်ပြီး ရေကဲ့သို ဝမ်းများ ရုတ်တရက်သွားသည့် ဝမ်းရောဂါဖြစ်သည်။ ရောဂါပြင်းထန်လျှင် ကုသမှုမရရှိပါက နာရီပိုင်းအတွင်း သေဆုံးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။